ဆံပင်အရှည်မြန်ချင်တဲ့သူတွေနဲ့ ဆံသားပျက်စီးနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ငွေကုန်ကြေးကျသက်သာပြီး အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ဒါကတော့ ဆံပင်အရှည်မြန်ပြီး ကျန်းမာတဲ့ဆံသားတွေကို ရရှိစေမယ့် DIY Coffee Mask ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ လုပ်ရတာလွယ်သလောက် တကယ်လည်းထိရောက်တာမို့ Try ကြည့်သင့်ပါတယ်။
လုပ်ရမယ့်ပုံစံက အရမ်းကိုလွယ်ပါတယ်။ ကော်ဖီမှုန့်အကြမ်းကို ရေထည့်ဖျော်ပြီး အအေးခံထားလိုက်ပါ။
အေးသွားပြီဆိုရင်တော့ ကိုယ့်ဆံပင်တွေကို အဲ့ဒီကော်ဖီခွက်ထဲ ထည့်နှစ်ပြီးစိမ်တာပဲဖြစ်ဖြစ်၊ ကော်ဖီတွေကို ဆံသားနဲ့ ဦးရေပြားပေါ် လောင်းချတာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေသလို လုပ်ပေးပါ။
ဆံသားက ကော်ဖီတွေကိုစုပ်ယူသွားအောင် ၁၅ မိနစ်လောက် ထားပြီး ဦးရေပြားကို Massage လုပ် နှိပ်နယ်ပေးပါ။
အချိန်ပြည့်ရင်တော့ ရေဆေးချပြီး ခေါင်းလျှောက်လိုက်လို့ရပါပြီ။
ကော်ဖီထဲကို ကြက်ဆူဆီပါ ထည့်ပေးမယ်ဆိုရင်တော့ ဆံသားတောက်ပြောင်စေပါတယ်။ ဗောက်ရှိနေရင်တော့ သံပယိုရည်ပါ ထည့်ညှစ်ပြီး လုပ်ပေးရင် ဗောက်တွေသက်သာစေပါတယ်။
တစ်ပတ် ၂ ကြိမ် (သို့) ၅ ရက် တစ်ကြိမ် ပုံမှန်စွဲပြီး လုပ်ပေးသွားမယ်ဆိုရင်တော့ ဆံပင်အရှည်မြန်ပြီး ကျန်းမာတဲ့ဆံသားတွေကိုရရှိလာမှာပါ။