လူငယ်ပီပီကိုယ်က အင်္ကျီကာလာတွေဆိုရင်လည်း Light ဖြစ်ပြီးစိတ်ကိုပျော်ရွှင်စေတဲ့အရောင်တွေကို ဝတ်ရတာသဘောကျတတ်တဲ့သူတစ်ယောက်လား။ မြန်မာနိုင်ငံက ယောကျာ်းလေးတွေက အဝတ်အစားအရောင်ရွေးချယ်တဲ့အခါမျိုးမှာ အရောင်မိုင်းတဲ့ကိုရွေးချယ်တာများကြတယ်လို့ မြင်ပါတယ်။ ဒီနိုင်ငံရဲ့ ပတ်ဝန်းကျင်အမြင်ကြောင့်လည်းဆိုနိုင်သလို ကိုယ်ကအရောင်ဆန်းဆန်းလေးတွေဝတ်လိုက်ရင်လည်း တစ်ပါးသူရဲ့အမြင်မှာ တစ်မျိုးကြီးဖြစ်နေမလား ၊ အားလုံးကြားမှာ အရမ်းများထင်းနေးမလားဆိုပြီး စိတ်ထင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကအင်္ကျီအရောင်ဆို တောက်တောက်လေးနဲ့ ကာလာဆန်းဆန်းလေး ကြိုက်တဲ့သူတစ်ယောက် ဖက်ရှင်ကိုလည်းစိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုရင်တော့ အခုပြောပြမဲ့အင်္ကျီကာလာလေးတွေကတော့ သင့်အတွက်လို့ပြောလို့ရတယ်နော်။

အပြာရောင် 


အပြာရောင်ကတော့ 2021 အတွက်ကာလာလည်းဖြစ်သလို အပြာရောင်ဝတ်လိုက်ရင် စိတ်အေးချမ်းတယ်၊ တည်ကြည်တယ်ဆိုတဲ့ ခံစားမှုလေးကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ Pastel Blue ကလည်းအပြာရောင်တွေအထဲမှာမှ လူငယ်ဆန်ပြီးတော့ မျက်စိအေးစေတဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။ French Guys တွေရဲ့ Trend အဖြစ်ဆုံးကာလာတွေထဲမှာလည်း Pastel Blue ကလည်းနေရာယူထားပါတယ်။

ပန်းရောင် 


ပန်းရောင်ဆိုတာ မိန်းကလေးတွေပဲဝတ်တယ်၊ မိန်းမအရောင်ကြီးတို့၊ မိန်းကလေးတွေနဲ့ပဲဆိုင်တယ်ဆိုတဲ့ အတွေးတွေကိုဖျောက်ပစ်လိုက်တော့နော်။ နိုင်ငံတကာမှာရော Fashion လောကမှာရော ပန်းရောင်ကစိတ်ကို နူးညံ့စေနဲ့ အရောင်တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ ပန်းရောင်ဝတ်တာက ရှက်စရာမဟုတ်ပါဘူးနော်။ ရှက်စရာလည်းမကောင်းပါဘူး။ ကာလာဆိုတဲ့အရာက ကိုယ့်စိတ်ကိုဖန်တီးမှုတွေ ပေးနိုင်တဲ့အရာမျိုးပါ။ ပန်းရောင်ကိုတော့ မိုးရာသီထက် ဆောင်းရာသီ နွေရာသီတွေမှာ ပိုပြီးဝတ်ဖို့သင့်တော်ပါတယ်။

အဝါရောင် 


အဝါရောင်ဆိုတဲ့အတိုင်း စိတ်ကိုပျော်ရွှင်မှုတွေ ပေးနိုင်တဲ့ အရောင်တစ်မျိုးဖြစ်ပါတယ်။ အဝါရောင်ကိုဝတ်လိုက်ရင် တောက်တောက်ကြီးတွေ ဖြစ်နေမလား၊ ငါတစ်ယောက်တည်း အရမ်းများထင်းနေမလားဆိုပြီး စိုးရိမ်စိတ်တွေဖယ်ပြီး အဝါရောင်ကိုဝတ်ကြည့်နော်။ အဝါရောင်က Charming ဖြစ်တဲ့ကာလာဆိုလည်းမမှားပါဘူးနော်။ နွေရာသီနဲ့လည်း အရမ်းကိုလိုက်ဖက်စေတဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။
Photo Source – Pinterest