အကြောင်းအရာအမျိုးမျိုးကြောင့် ကိုယ့်ခန္ဓာကိုယ်မှာနေလောင်ဒဏ်တွေ ရရှိသွားရင်လည်းရှောင်သင့် ဆောင့်သင့်တဲ့အချက်လေးတွေရှိပါတယ်နော်။ နေရောင်ခြည်နဲ့အသားအရေက တိုက်ရိုက်ထိတွေတဲ့အချိန်ကြာမြင့်သွားရင်နေလောင်ဒဏ်ရရှိသွားနိုင်ပြီး ကိုယ့်ရဲ့အသားအရေရဲ့ပထမဆုံးအလွှာလေးက ပျက်စီးသွားတာမျိုးဖြစ်ပါတယ်။တစ်ချို့အမှားလေးတွကြောင့် နေလောင်တာကိုပိုပြီးတော့လည်း ဆိုးရွားသွားစေနိုင်ပါတယ်။ အသားအရေနေလာင်တာကို မြန်မြန်သက်သာချင်တဲ့စိတ်နဲ့  နည်းလမ်းမျိုးစုံကိုအသုံးပြုပြီး ကုသကြပါတယ်။ ကုသတဲ့နည်းလမ်းတွေအထဲမှာ နေလောင်တာကိုတကယ်မသက်သာစေတဲ့အပြင် ကိုယ့်ရဲ့အသားအရေပါပိုထိခိုက်စေတတ်တဲ့ ရှောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

နိုင်လွန်ပါတဲ့အဝတ်အစား ဝတ်ဆင်ခြင်း 

နေလောင်ထားတဲ့ အသားအရေကို တင်းကြပ်ပြီး ချုပ်တည်းထားတဲ့ပိတ်စလို့အင်္ကျီမျိုးဝတ်တာကို လုံးဝရှောင်ပေးသင့်ပါတယ်။ အဝတ်အစားကြောင့်လည်း လေဝင်လေထွက်မရနိုင်ခြင်းကြောင့် အသားအရေနီမြန်းတာကို ပိုပြီးဖြစ်စေပါတယ်။ ချည်သားလိုမျိုး ပွပွယွယွဖြစ်တဲ့အသားမျိုးကိုသာဝတ်ဆင်ပေးသင့်ပါတယ်။ Jeans လိုမျိုးထူတဲ့အဝတ်အစားမျိုးကိုလည်း နေလောင်နေစဥ်အတောအတွင်း လုံးဝမဝတ်သင့်ပါဘူးနော်။

Scrub အသုံးပြုခြင်း

Scrub ကခန္ဓာကိုယ်မှာရှိတဲ့ဆဲလပ်သေတွေကို ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် နေလောင်ထားတဲ့အသားအရေအတွက်ဆိုရင် Scrub အသုံးပြုခြင်းကိုခဏနားထားသင့်ပါတယ်။ ဘာလို့လည်းဆိုရင် Scrub အမျိုးအစားတိုင်းက ကြမ်းတမ်းတဲ့အစေ့လေးတွေအမှုန့်လေးတွေဖြစ်တဲ့အတွက် ကိုယ်ကနေလောင်ထားတဲ့ အသားအရေမှာကြမ်းတမ်းစွာ ပွတ်တိုက်လိုက်လို့မရပါဘူးနော်။ ပိုပြီးဆိုးရွားလာနိုင်သလို အသားလောင်တာမျိုးတွေ ပါဖြစ်နိုင်ပါတယ်။

ကော်ဖီအလွန်အကြူးသောက်ခြင်း

တော်တော်များများက ဒီအချက်ကိုသတိမေ့နေတတ်ကြပါတယ်။တကယ်လည်းဆိုင်တဲ့အချက်ဖြစ်ပါတယ်။ နေရောင်ခြည်အောက်မှာ အချိန်အကြာကြီးကုန်ဆုံးခြင်းကြောင့် ခန္ဓာကိုယ်မှာကရေဓာတ်တွေခမ်းခြောက်နေတတ်ကြပါတယ်။လျော့နည်းသွားတဲ့ရေဓာတ်ကိုဖြည့်တင်းပေးဖို့အတွက် ရေကသာအကောင်းဆုံးကုထုံးဖြစ်ပါတယ်။ ရေအစားကော်ဖီတွေ အလွန်အကြူးသောက်တာမျိုးတွေမလုပ်သင့်ပါဘူးနော်။
Photo Source – Free.pik