ဆံပင်အုံထူရင် အမြဲတမ်းဆံပင်ကို ဖားလျားမချထားနိုင်ပါဘူး။ ဆံပင်ပဲစုစည်းထားတာကျတော့လည်း ကြာလာရင် ဆံပင်သိမ်ပြီး ပျက်စီးပါတယ်။ ဒါကြောင့် ကိုယ့်ဆံပင်လေးကို အမျိုးမျိုးပြင်လို့ရအောင် ဆံပင်အုံထူတဲ့ကောင်မလေးတွေအတွက် ရိုးရှင်းပြီးလှတဲ့ ဆံပင်ပြင်ဆင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်အုံထူရင် ဖဲပြားအကြီးတွေနဲ့ ဒီလိုမျိုးလေး တစ်ဝက်စည်းထားကြည့်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ ဆံပင်ပြင်ဆင်ပုံမျိုးပါ။

အခုနောက်ပိုင်းမှာဆို ဒီလိုညှပ်ကလစ်လေးတွေနဲ့ တစ်ဝက်စည်းတာကလည်း အရမ်းခေတ်စားနေတဲ့အတွက် ဆံပင်အုံထူရင် ဒီလိုမျိုးညှပ်ကလစ်လေးနဲ့ တစ်ဝက်စည်းကြည့်ပါ။ ကပိုကယိုလေးနဲ့ လှနေမှာပါ။

ဆံပင်အုံထူတဲ့သူတွေက ဆံပင်ကိုဒီလိုမျိုးပြင်ဆင်တာနဲ့လည်း အရမ်းလိုက်ပါတယ်။ ရှင်းပြီးတော့ကို လှနေတဲ့ပုံစံလေးပါ။ ပွဲတက်တဲ့အခါမှာလည်း ပြင်လို့ရသလို ဘယ်လိုအဝတ်အစားမျိုးနဲ့မဆိုလည်း လိုက်ဖက်ပါသေးတယ်။

ဆံပင်အုံထူရင် ဆံပင်ကို အလိမ်လေးတွေလုပ်ပြီးပဲဖြစ်ဖြစ်၊ ကောက်ပြီးပဲဖြစ်ဖြစ် ဖဲပြားအကြီးနဲ့ ဒီလိုလေးပြင်ကြည့်ပါ။ တည်ငြိမ်ပြီးလှတဲ့ ပုံစံလေးဖြစ်စေပါတယ်။

ဆံပင်အုံထူတဲ့သူတွေက ဒီလိုဆံထုံးအမြင့်လေးထုံးတာနဲ့လည်း အရမ်းလိုက်ပါတယ်။ လူကြီးမဆန်ချင်ရင် ပုဝါလေးသာ စည်းထားလိုက်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ကိုရီးယားမလေးတွေလုပ်နေကျဖြစ်တဲ့ ဆံပင်ကို ဒီလိုကလစ်လေးနဲ့ လှန်တင်ထားတာမျိုးကလည်း ဆံပင်အုံထူတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အရှေ့ဆံပင်လေးတွေသာ နည်းနည်းချပြီးပြင်ရင် အရမ်းလှပါတယ်။

ကပိုကယိုလေးနဲ့ တည်ငြိမ်ပြီးလှတဲ့ပုံစံမျိုးကို ကြိုက်ရင်တော့ ဆံပင်ကို ပုဝါအကြီးနဲ့ ဒီလိုမျိုးလေး စည်းထားလိုက်ပါ။

ဆံပင်အုံထူတဲ့ long hair လေးတွေဆိုရင် ဘောင်းဘီအရှည်တွေဝတ်တဲ့အခါမှာ ဆံပင်ကို ဒီလိုအမြင့်စုစည်းထားရင် အရမ်းမိုက်ပါတယ်။

ရိုးရိုးလေးနဲ့လှတာမျိုးကြိုက်ရင်တော့ ဆံပင်ကို ဒီလိုအနိမ့်လေးစည်းပြီး အရမ်းလှတဲ့ ခေါင်းစည်းကြိုး (သို့) ဒီလိုပုလဲကြိုးလေးတွေနဲ့ ပြန်ပတ်ထားကြည့်ပါ။

ဆံပင်ဖားလျားချချင်ပေမယ့် အုံထူနေလို့ စိတ်ရှုပ်တယ်ဆိုရင် ဒီလိုမျိုး ဆံပင်ကိုနည်းနည်းလေးပဲယူပြီး တစ်ဝက်စည်းကြည့်ပါ။

photo source:www.pinterest.com