မိတ်ကပ်အကြောင်းပြောရတာကလည်း ဘယ်လောက်ပဲပြောရပြောရ မမောနိုင်သော ခံစားမှုတစ်မျိုးပါ။ မိန်းကလေးတိုင်းက အလှကြိုက်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အလှတရာနဲ့လည်း တင့်တယ်အောင် လှပအောင်နေတတ်ကြဖို့သာလိုပါတယ်။ မိတ်ကပ်ဆိုတာကို ကမ္ဘာပေါ်မှာ ထွက်ကားလာတဲ့အချိန်ကနေ ရာစုနှစ်တွေပြောင်းလဲသွားတဲ့အလိုက် Makeup Look တွေအမျိုးမျိုးရှိပါတယ်။ တစ်ခေတ်နဲ့တစ်ခေတ် ပြောင်းလဲလာပုံကလည်းမတူညီသလို ခေတ်တိုင်းရဲ့ Makeup. Look တွေကတော့ ဘယ်လောက်ပဲပြောင်းပြောင်း သူ့ခေတ်သူ့အခါနဲ့အမြင်တစ်မျိုးစီ ရှိကြပါတယ်။
ကဲ့ဒီတစ်ခါမှာတော့ 1950s လောက်က Makeup Look လေးတွေအကြောင်းဆွေးနွေးချင်ပါတယ်။ 1950sရဲ့ Makeup Look တွေမှာ Elizbeth Taylor ရဲ့ Makeup Look ကတော့ Trend အဖြစ်ဆုံးလို့ ပြောလို့ရပါတယ်။ 90s Makeup Look တွေဆိုတဲ့အတိုင်း မျက်ခုံးမွေးအထူကြီးတွေ ဆွဲတဲ့ခေတ်ပေါ့နော်။ ဒါပေမယ့်သူတို့က Eye-Shadow ကိုချယ်သတဲ့အခါမှာတော့ Natural Look မျိုးကိုသွားကြတာများပါတယ်။ Foundation ကလည်း Cream သို့မဟုတ် Liquid Type မျိုးကိုအသုံးပြုတာများပါတယ်။
Foundation အရောင်ရွေးချယ်တဲ့အခါမှာလည်း Light ဖြစ်တဲ့အရောင်မျိုးကို ပိုသုံးတာတွေ့ရပါတယ်။ Rouge အသုံးပြုရင်လည်း အနီရောင် ဒါမှမဟုတ် ပန်းရောင်တောက်တောက်လေးတွေ သုံးများကြပါတယ်။ ဆံပင်ပုံစံကလည်း သူတို့ခေတ်က ဆံပင်ကောက်တဲ့သူတွေပဲတွေ့ရပါတယ်။ Eyeliner ဆိုရင်လည်း ဌက်ရဲ့တောင်ပံမျိုးလေးက အရမ်းကိုခေတ်စားတဲ့ Eyeliner ဆွဲနည်းဖြစ်ပါတယ်။ နှုတ်ခမ်းပုံကို Lip Pencil ကိုအသုံးပြုပြီး ပုံဖော်ကြတာများပါတယ်။ 1950s ခေတ်က Makeup Look လေးတွေကို လက်တည့်စမ်းရင်းနဲ့ ပြင်ကြည့်လို့ရအောင် သူ့ခေတ်သူ့အခါတုန်းကို ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။