ကိုယ်ရဲ့တင်ပါးလေးကို Peachy Booty လေးလို လုံးလုံးလေး ဖြစ်ချင်တယ် ။ ကိုယ့်အိမ်မှာကလည်း ဘာ Equipment မှလည်းမှလည်းမရှိဘူးဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေက သင့်အတွက်ဖြစ်စေမှာပါနော်။ Social Media မှာ လူတိုင်းက လှနေကြတယ်။ လူတွေလည်း တဖြည်းဖြည်းနဲ့ Healthy ဖြစ်တဲ့ Lifestyle ကို ပြောင်းလဲလာကြပြီ ဖြစ်ပါတယ်။ ကိုယ်ရဲ့တင်အချိုးအစားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Hip Dip ကိုလည်း ဒီလေ့ကျင့်ခန်းလေးတွေနဲ့ ပျောက်ကင်းအောင် လုပ်လို့ရပါတယ်။ တကယ်လို့ ပိုထိရောက်ချင်တယ်ဆိုရင်တော့ Body Band လေးတွေနဲ့လည်း ပြုလုပ်လို့ရပါတယ်။
Jump Squat

Jump Squat က Cardio သဘောမျိုးလည်းဖြစ်သလို ခန္ဓာကိုယ်မှာချွေးပုပ်တွေကိုထွက်စေတဲ့အတွက် Immune System အတွက်ကောင်းစေပါတယ်။ Squat လုပ်တဲ့အခါမှာလည်း ခန္ဓာကိုယ်က ၉၀ဒီဂရီဖြစ်နေဖို့လိုအပ်ပါတယ်။ အောက်ကိုလည်း အရမ်းကျလို့မရပါဘူး။ ခါးကိုလည်း မတ်မတ်ထားရပါမယ်။ တစ်ခါလုပ်ရင် (၁၂) ခါကို (၃ )ကြိမ်စီလုပ်ပေးရပါမယ်။
Donkey Kicks

ခန္ဓာကိုယ်ကို လက်ဖက်ထောက်ထားတဲ့ပုံစံနဲ့ ကိုယ့်ရဲ့လက်မောင်းနှစ်ဖက်က ပခုံးနဲ့တစ်တန်းတည်းဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ ခါးကိုလည်း မကော့ထားရပါဘူး တစ်ညီတည်းဖြစ်အောင် ဆန့်ထားဖို့ လိုအပ်ပါတယ်။ တင်ပါးကို အားပြုပြီးတော့ ခြေတောက်တစ်ဖက်စီကို ဆန့်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းလေးမှာတော့ Body Band လေးကိုအသုံးပြုပြီး လေ့ကျင့်ပေးလို့ရပါတယ်။ တစ်ဖက်ကို အခါ ၂၀လုပ်ပြီးတော့ ၃ ခါစီလုပ်ပေးလို့ရပါတယ်။
Hip Abductor

ခန္ဓာကိုယ်ကို ပက်လက်လန်ပြီးတော့ လက်နှစ်ဖက်ကိုတော့ အားပြုပြီး ကြမ်းပြင်နဲ့ထိထားပေးပါ။ ပေါင်နှစ်ဖက်ကိုတော့ ဟန်ချက်ညီညီနဲ့ ထိန်းထားဖို့လိုအပ်ပါတယ်။ တင်နှစ်ဖက်ကိုလည်း ညစ်ထားဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာလည်း အသက်ပုံမှန်ရှုပေးဖို့တော့လိုအပ်ပါတယ်။ အကြိမ် ၃၀ လောက်လုပ်ပေးရင်ရပါပြီနော်။
Photo Source – free.pik