ကိုယ့်အသားအရေလေး မလှလို့ စိတ်မညစ်နေပါနဲ့တော့။ ကိုယ်စားနေကျအစားအစာတွေကို အသုံးပြုပြီးတော့ ညစ်မှိုင်းနေတဲ့ အသားအရေပြန်လည်တောက်ပလာစေဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါမှာ Anti−inflammatory နဲ့ Anti-bacterial အစွမ်းသတ္တိတွေပါဝင်ပြီး ချေးချွတ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် သင့်တော်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေကိုလည်း ကျဥ်းစေနိုင်တာကြောင့် ခန္ဓာကိုယ်သာမက မျက်နှာအတွက်လည်း သပ်သပ် Scrub တစ်ခုအဖြစ် အသုံးပြုဖို့သင့်တော်ပါတယ်။
Source: The Skin Theory
လီမွန် (သံပုယိုသီး) ကတော့ မည်းညစ်နေတဲ့ အသားအရေတွေကို ပြန်လည်ဝင်းပလာစေနိုင်ပြီး ဗီတာမင်စီပါဝင်တာကြောင့် အသားအရေအရောင်မညီတဲ့ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
သံလွင်ဆီကတော့ Antioxidant ပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွက် Moisturizer အဖြစ် အသုံးပြုနိုင်ပြီး အရွယ်မတိုင်ခင် အသားအရေတွန့်ခြင်းတွေကို ကာကွယ်နိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- မုန့်ဖုတ်ဆိုဒါ − စားပွဲတင်ဇွန်း ၅ ဇွန်း
- သံပုယိုသီး (လီမွန်) − အလုံးသေးတစ်လုံး (အရည်ညှစ်)
- သံလွင်ဆီ − စားပွဲတင်ဇွန်း ၂ ဇွန်း
အထက်ပါ ပါဝင်ပစ္စည်းသုံးမျိုးလုံးကို ပန်းကန်လုံးတစ်ခုထဲမှာရောထည့်ပြီးတော့ သေသေချာချာ ရောသမမွှေပေးပါ။
အနှစ်အနေအထားကို တအားကြီးလည်းမကျဲစေသလို တအားကြီးလည်း အဆီတွေများများထွက်လာတဲ့အထိ မမွှေမိပါစေနဲ့။ ကိုယ်မြင်ဖူးနေကျ Scrub တွေရဲ့ အနေအထားလောက်ရတဲ့အထိပဲ မွှေပေးပါ။
ကိုယ်စိတ်တိုင်းကျပြီဆိုလောက်တဲ့ အနေအထားရပြီဆိုရင်တော့ ပမာဏနည်းနည်းချင်းစီယူပြီး လက်၊ ခြေထောက်တို့မှာ ပွတ်လိမ်းပေးပါ။ အထူးသဖြင့် မည်းညစ်နေတဲ့ အသားအရေတစ်ဝိုက်တွေဖြစ်တဲ့ တံတောင်၊ ဒူးခေါင်း၊ ခြေမျက်စိတို့ကို သေသေချာချာပွတ်ပေးပါ။ အကြောပြတ်ရာတွေရှိတဲ့သူတွေအနေနဲ့လည်း အကြောပြတ်ရာတွေနားကို သေချာပွတ်ပေးပါ။
Source: EveryPixel
ဒီ Scrub ကိုတော့ ရေမချိုးခင်ဖြစ်ဖြစ် ရေချိုးပြီးနောက်ဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပြီး အသားအရေမှာပွတ်တိုက်ပြီးနောက် ၁၅ မိနစ်လောက်ကြာမှ ရေလောင်းကာသန့်ရှင်းပေးပါ။
တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြစ်ဖြစ် ချေးချွတ်ပေးနိုင်ကာ အသုံးပြုတာကြာလာပြီဆိုရင် သင့်ရဲ့အသားအရေက နဂိုထက်ပိုမိုချောမွေ့လာပြီး ပိုမိုဖြူဝင်းလာတာကို မြင်တွေ့ရပါလိမ့်မယ်။