ကိုယ်ခံအားကောင်းနေမှ ရောဂါပိုးတွေ အလွယ်တကူမဝင်နိုင်မှာပါ။ ကိုယ်ခံအားနည်းရင် ရောဂါပိုးတွေ အလွယ်တကူဝင်ပြီး ခဏခဏနေမကောင်းဖြစ်တာမျိုး၊ အားမရှိပဲ မူးနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာအောင် လုပ်ပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အစားအသောက်

အစားအသောက်ကို ရွေးမစားပဲနဲ့ အသား၊ ဟင်းသီဟင်းရွက်၊ အသီးအနှံအားလုံးကို အာဟာရမျှတအောင် စားရပါမယ်။ ကိုယ်ခံအားကောင်းအောင် အားဆေးတွေမျိုးစုံစားနေမယ့်အစား အစားသောက်ကိုသာ များများစားပေးပါ။ ပန်းငရုပ်ပွ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ သင်္ဘောသီး၊ မှို၊ နေကြာစိ၊ လိမ္မော်သီး၊ သံပယိုနဲ့ grapefruit, almond, green tea စတာတွေက ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်တွေမို့ များများစားပေးပါ။

Vitamin C နဲ့ Vitamin D

Vitamin C နဲ့ Vitamin D က ကိုယ်ခံအားကောင်းစေဖို့ အများကြီးထောက်ပံ့ပေးတဲ့ အရာတွေဖြစ်တာကြောင့် Vitamin C နဲ့ Vitamin D များများပါတဲ့ အစားအသောက်တွေကို စားတာပဲဖြစ်ဖြစ်၊ Vitamin C နဲ့ Vitamin D supplement သောက်တာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေတာကို လုပ်ပေးလို့ရပါတယ်။

Omega-3

ကိုယ်ခံအားပိုကောင်းစေဖို့အတွက် အားဆေးတစ်ခုပဲ သောက်ချင်တယ်ဆိုရင်တော့ Omega-3 ကိုသာ သောက်ပါ။ Omega-3 Fish Oil က ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ကိုယ်ခံအားပိုကောင်းစေဖို့ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး ချွေးပုပ်တွေထွက်သွားအောင်၊ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းပြီး ကျန်းမာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

ကိုယ်ခံအားပိုကောင်းစေဖို့အတွက် အရေးအကြီးဆုံးကတော့ အိပ်ရေးဝအောင်အိပ်ဖို့ပါပဲ။ အိပ်ရေးပျက်တာတွေများနေရင် ကိုယ်ခံအားကောင်းမှာ မဟုတ်ပါဘူး။ အိပ်တဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာအိပ်ပျော်စေဖို့ ညအိပ်ယာဝင်ခါနီးမှာ Chamomile Herbal Tea ပူပူလေးကို သောက်ပေးလို့ရပါတယ်။