အဖိုးတို့ခေတ်တုန်းက ဝတ်ခဲ့တဲ့စွပ်ကျယ် အင်္ကျီလိုမျိုးVest လေးတွေကို လူတိုင်းသိကြမယ်ထင်ပါတယ်။ Vest လေးတွေက Retro Wear လေးလည်းဖြစ်သလို Vintage လည်းဆန်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Vest လေးတွေကို Pinterest မှာရော Instagram တွေမှာရော အရမ်းကိုTrendဖြစ်တဲ့ Fashion တစ်ခုဖြစ်လာပါတယ်။ Vest တွေကိုလူကြီးဆန်တဲ့ ဖက်ရှင်ဆိုပြီး မြင်နေတဲ့အမြင်လေးတွေကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါပြီ။ လူငယ်ဆန်တဲ့ Pattern တွေကလည်း စိန်တုံးပုံစံအကွက်လေး၊ စတုရန်းအကွက်လေးတွေ များပါတယ်။
မိုးရာသီနဲ့ ဆောင်းရာသီအတွက်ဆို လုံးဝကိုသင့်တော်တဲ့ အင်္ကျီမျိုးဖြစ်ပါတယ်။ Vest လေးတွေကိုအများအားဖြင့် Tennis စကတ်လေးတွေနဲ့ အများဆုံး ဝတ်ဆင်ကြတာတွေ့ရပါတယ်။ Argyle Print Vest လေးတွေက အောက်ကအင်္ကျီတစ်ထပ်ခံပြီး ဝတ်ရင်လည်းအဆင်ပြေသလို ကိုယ်ကRetro ပိုဆန်ပြီး Hot ဖြစ်ချင်တဲ့ပုံစံမျိုးလေး ဝတ်ချင်ရင်တော့ Vest တစ်ထည်တည်းလည်း ဝတ်ဆင်လို့ရပါတယ်။ Vest ဖက်ရှင်နဲ့အလိုက်ဖက်ဆုံး Bag ကလည်း Shoulder Bag အမျိုးအစားဖြစ််ပါတယ်။ ဖိနပ်ကိုတော့ Sneaker နဲ့ပဲတွဲဝတ်၊ Boots နဲ့ဆိုလည်း လိုက်ဖက်နေပါတယ်နော်။