မိန်းကလေးတွေတော်တော်များများက ဆံပင်အရှည်မြန်တာ တော်တော်လေးလိုချင်ပါတယ်။ တစ်ချို့တွေကလည်း ဆံပင်အရမ်းအရှည်မြန်သလို ဆံပင်အရှည်နှေးတာလည်း ဖြစ်တတ်ကြပါတယ်။ တခါတလေမှာ ဆံပင်ညှပ်သူရဲ့ လက်နဲ့လည်းဆိုင်သလို လက်ပူတဲ့သူဆံပင်ညှပ်ရင်လည်း ဆံပင်အရှည်နှေးတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဆံပင်အရှည်နှေးခြင်းရဲ့ တစ်ခြားအကြောင်းအရာတွေကလည်း ဘာတွေများဖြစ်နိုင်မလဲ။
အပူပေးပြီးဆံပင်ပြုပြင်ခြင်း
ဆံပင်ပြုပြင်တာက ကောင်းကျိုးလည်း ရှိသလိုဆိုးကျိုးလည်း ရှိပါတယ်။ အပူပေးပြီးဆံပင်ကို မကြာခဏအပူပေးခြင်းက ဆံသားပျက်စီးမှုကို အားပေးသလိုဖြစ်စေပါတယ်။ အပြင်သွားခါနီးတိုင်း အပူချောင်းအသုံးပြုပြီး ဆံပင်ဖြောင့်တာ၊ ဆံပင်အခြောက်ခံတာတွေက ခဏတာအတွက်တော့ လှနေပေမယ့် ရေရှည်မှာတော့ ဆံသားအစိုဓာတ်လျော့နည်းလာပြီး ဆံပင်ပေါက်တာလည်း နည်းလာနိုင်ပါတယ်။
မျိုးရိုးလိုက်ခြင်း
မျိုးရိုးဗီဇလိုက်ခြင်းကြောင်းလည်း ဆံပင်အရှည်နှေးတဲ့အပြင် ဆံပင်ပေါက်တာလည်း အားနည်းတတ်ပါတယ်။လူတစ်ယောက်ရဲ့ ဆံပင်အရှည်တာက ၂ နှစ်ကနေ ၅နှစ်အတွင်းပြောင်းလဲတတ်ပါတယ်။ တစ်ချို့သူတွေက ဆံပင်အရှည်မြန်နှုန်းအားကောင်းရင်လည်း ၆လအတွင်းမှာ လက်လေးလုံးလောက်ထွက်တတ်ကြပါတယ်။
စိတ်ဖိစီးမှုများခြင်း
ဒီအချက်ကို လူတော်တော်များများက သတိမထားမိတတ်ကြပါဘူး။ ကိုယ့်ရဲ့အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေက များနေပြီဆိုလျှင် ဆံပင်ပေါက်တာကျဲလာပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း ဆက်နွဲမှုရှိပါတယ်။ ဆံပင်အဆီထွက်တာ လျော့နည်းလာရင် ဆံပင်အရှည်မမြန်ဖို့လည်း တွန်းအားမပေးနိုင်တော့ပါဘူးနော်။
Photo source – Free.pik