ဝလို့လှတယ်ဆိုတာပဲ ရှိပါတယ်နော်။ ကိုယ့်ရဲ့ခန္ဓာကိုယ်က Plus Size မို့လို့ဘာဝတ်ဝတ်မလှဘူးဆိုတဲ့ ခေတ်ကဟိုးအနောက်မှာ ကျန်ခဲ့နေပါပြီနော်။ ဝဝကစ်ကစ်လေးနဲ့ မိမိုက်နေအောင် ဖက်ရှင်အလန်းတွေကလည်း ဒီခေတ်ကြီးထဲမှာ အများကြီးပေါ်ထွက်လာပါပြီ။ ခန္ဓာကိုယ်တိုင်းက သူ့အလှနဲ့သူရှိပါတယ်။ အဓိကက ဝတ်တတ်စားတတ်ပြီး ဖက်ရှင်ကျအောင်နေတတ်ဖို့ပါနော်။ Curvy ဖြစ်တဲ့ Body Type တွေကိုအဝတ်အစားတွေ ဝတ်ရင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှရှိဘူး၊ ဒါမျိုးဝတ်လိုက်ရင် ငါခန္ဓာကိုယ်ကြီးကို လူတွေကဘယ်လိုပြောကြမလဲ၊ ဘယ်လိုမြင်ကြမလဲ စတဲ့အတွေးတွေ ဝင်တတ်ကြပါတယ်။
အခုခေတ်မှာ You Tube ပေါ်တွေမှာရော ၊ Social Media Platform တွေပေါ်မှာလည်း Curvy ဖြစ်တဲ့ Body Type တွေရဲ့ဖက်ရှင်ကို ဝတ်ပြတဲ့ လေ့လလာစရာကောင်းတဲ့ Tutorial တွေအများကြီးပါနော်။ အဝတ်အစားကလည်း လူတစ်ယောက်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်အဝတ်အစားကြောင့် ကိုယ့်ရဲ့တစ်နေတာကို တက်ကြွမှုလည်းပေးနိုင်သလို သိမ်ငယ်အောင်လည်းပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် Curvy ဖြစ်တဲ့ခန္ဓာကိုယ်လှလှလေးတွေတဲ့ ဖက်ရှင်အတွဲအစပ်လေးတွေ ဘယ်လိုမျိုးလုပ်လို့ရပြီး စမတ်ကျအောင်ဝတ်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
Photo Source – Pinterest