ဆံထုံးထုံးရင် လူကြီးဆန်တယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်အရောင်နဲ့ ထုံးထားတာမျိုးဆိုရင်တော့ လူကြီးမဆန်ပဲ ခေတ်ဆန်တဲ့ပုံစံလေး ဖြစ်စေပါတယ်။ ကိုယ်ပြင်ဆင်ထုံးဖွဲ့တဲ့ ဆံထုံးပုံစံပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါကြောင့် ဆံပင်အရောင်ဆိုးထားတဲ့သူတွေအတွက် အရမ်းလှပြီးခေတ်ဆန်တဲ့ ဆံထုံးပုံစံ ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဆံထုံးပုံစံလေးဆိုရင် အရမ်းလှပြီး gorgeous ဖြစ်စေတဲ့ ပုံစံလေးပါ။ ပွဲတက်ဝတ်စုံလေးတွေ၊ မြန်မာဝတ်စုံလေးတွေနဲ့ဆို အရမ်းကိုလိုက်ဖက်ပါတယ်။

ဒီဆံထုံးပုံစံလေးဆိုရင် မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်သလို ဘောင်းဘီရှည်လေးတွေ ဝတ်တဲ့အခါမှာလည်း လိုက်ဖက်ပါသေးတယ်။ ကျော့ရှင်းပြီးလှနေတဲ့ ပုံစံလေးပါ။

ဒီဆံထုံးပုံစံလေးဆိုရင် စတိုင်လ်ကျပြီးလှနေတဲ့ ပုံစံလေးပါ။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

Bridesmaid ဆံထုံးပုံလေးဖြစ်ပြီး ကပိုကယိုလေးနဲ့ အရမ်းလှပါတယ်။ ဂါဝန်လေးတွေ၊ မြန်မာဝတ်စုံလေးတွေ၊ စကပ်အရှည်လေးတွေနဲ့ဆို အလိုက်ဖက်ဆုံးပါပဲ။

ရှင်းရှင်းလေးနဲ့လှတဲ့ ဆံထုံးပုံစံလေးပဲ ဖြစ်ပါတယ်။ ဒီဆံထုံးပုံစံလေးကျတော့ ခပ်မိုက်မိုက်ဖက်ရှင်တွေနဲ့ဆို ပိုလိုက်ပါတယ်။

ဒီဆံထုံးပုံစံကျတော့ ပွဲတက်ပုံစံလေးပါ။ ရိုးရိုးလေးနဲ့ဆန်းပြီးလှပါတယ်။ ဆံပင်ရှည်တဲ့သူတွေနဲ့ဆို ပိုပြီးလှမှာပါ။

ကျစ်ဆံမြီးပုံစံလေးတွေကြိုက်ရင်တော့ ဒီဆံထုံးပုံစံလေးကိုလည်း ကြိုက်မှာပါ။ အရမ်းလှတဲ့ပုံစံလေးဖြစ်တဲ့အပြင် မြန်မာဝတ်စုံ၊ ဂါဝန်၊ စကပ်တွေနဲ့ လိုက်ဖက်ပါတယ်။

ဒီဆံထုံးပုံစံလေးကတော့ ရိုးရိုးရှင်းရှင်း ကပိုကယိုလေးနဲ့ လှနေတဲ့ပုံစံလေးပါ။ ဆံပင်ပါးတဲ့သူ၊ ဆံပင်ကောက်ထားတဲ့သူ၊ ဆံပင်တိုတဲ့သူတွေနဲ့ ပိုပြီးလိုက်ဖက်မှာပါ။

ဒီဆံထုံးပုံစံကတော့ လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်အရောင်ဆိုးထားလည်း လှသလို၊ မဆိုးထားပဲ ဆံပင်အမဲလေးနဲ့ဆိုလည်း လှနေမယ့် ဆံထုံးပုံစံလေးပါ။

photo source:www.alexgaboury