Mini tattoo တွေမကြိုက်တဲ့ ကြောင်ချစ်သူများအတွက် ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမယ့် Cat Tattoo ဒီဇိုင်း ၁၁ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ခြေထောက်မှာထိုးမယ်ဆိုရင် ကိုယ့်ရဲ့ကြောင်ပုံလေးကို ဒီလိုမျိုးလေးထိုးကြည့်ပါ။ ထင်းပြီး ရုပ်လုံးလည်းပေါ်လို့ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဒီပုံလေးဆိုရင် အရမ်းအသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းလွန်းပါတယ်။ ကြောင်ချစ်သူတိုင်း သဘောကျမယ့် ဒီဇိုင်းလေးဖြစ်မှာပါ။ တက်တူးဆို ကြီးမှကြိုက်တဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။

ကောင်မလေးတွေဆိုရင် ချစ်ဖို့ကောင်းပြီး ကြည့်လိုက်တာနဲ့ထင်းနေအောင် ဒီလိုဒီဇိုင်းလေးတွေ ထိုးလို့ရပါတယ်။

ဒီပုံလေးကတော့ ငပြောင်ပုံလေးလည်းဖြစ်သလို အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။ ယောင်္ကျားလေး၊ မိန်းကလေးအားလုံးနဲ့ လိုက်ဖက်တဲ့ တက်တူးဒီဇိုင်းလေးပါ။

အရမ်းကြီးတာမျိုးမကြိုက်ပေမယ့် ထင်းနေတာမျိုးလေးပဲ ထိုးချင်တယ်ဆိုရင် ဒီတက်တူးဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ကိုယ့်ကြောင်လေးပုံထိုးချင်ရင် သူ့မျက်နှာလေးပဲထင်းနေအောင် ဒီလိုမျိုးလေးလည်း ထိုးလို့ရပါတယ်။

ဒီတက်တူးဒီဇိုင်းလေးကတော့ ယောင်္ကျားလေးတွေနဲ့ပိုလိုက်ပါတယ်။ အရမ်းမိုက်တဲ့ ပုံစံလေးပါ။

ကြောင်မဲလေးတွေကိုချစ်ရင် ဒီပုံလေးထိုးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ မိန်းကလေးတွေနဲ့ ပိုပြီးလိုက်ဖက်မှာပါ။

ကိုယ့်ဆီမှာ ကြောင်လေးနှစ်ကောင်ရှိရင် ဒါမျိုးလေးလည်း ထိုးလို့ရပါတယ်။ ပုံစံဆန်းပြီး ချစ်ဖို့ကောင်းတဲ့ တက်တူးဒီဇိုင်းလေးပါ။

ကြောင်မျက်နှာကို ဒီလိုတစ်ခြမ်းထဲထိုးတာမျိုးလေးကလည်း အရမ်းမိုက်တဲ့ဒီဇိုင်းမျိုးပါပဲ။ ယောင်္ကျားလေးတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

photo source:www.pinterest.com