နှာစေးတာထက် နှာခေါင်းပိတ်နေတာက ပိုခံရခက်ပါတယ်။ ရှူဆေးတွေရှူလည်း မသက်သာ၊ ဆေးသောက်ဖို့ကျတော့လည်း အဆင်မပြေဖြစ်ရပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်တာကို အမြန်ဆုံးသက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ရေနွေးကြမ်းပူပူသောက်ပါ
ရေနွေးကြမ်းပူပူကို မှုတ်သောက်ပေးခြင်းက နှာခေါင်းပိတ်တာကိုသက်သာစေပြီး နှာပွင့်သွားစေပါတယ်။ ဒါ့အပြင် ရေနွေးကြမ်းပူတာကို သောက်ပေးတာဟာ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။
ရေနွေးနဲ့ရေချိုးပါ
ရေနွေးနဲ့ရေချိုးလိုက်ခြင်းက နှာပိတ်နေတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပြီး နှာပွင့်ထွက်သွားစေပါတယ်။
ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့ရှူပေးခြင်းက နှာပွင့်ပြီး နှာရည်တွေထွက်လာစေလို့ နှာခေါင်းပိတ်နေတာ အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။
ရေများများသောက်ပါ
ရေဓာတ်ခမ်းခြောက်နေရင်၊ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှုမရှိရင် နှာခေါင်းပိတ်တာက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် ရေကိုများများသောက်ပေးဖို့ လိုပါတယ်။
အစပ်စားပါ
အစပ်စားပေးခြင်းက နှာရည်တွေကျပြီး နှာပွင့်ထွက်သွားစေလို့ နှာခေါင်းပိတ်နေတာ အမြန်ဆုံးပျောက်သွားစေပါတယ်။ ဒါလည်း အသုံးဝင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်မျိုးပါပဲ။
ရေနွေးနဲ့အာလုပ်ကျင်းပါ
ရေနွေးကို ဖန်ခွက်တစ်ဝက်လောက်ထည့်ပြီး ဆားကို လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ မွှေပါ။ ပြီးရင်တော့ အဲ့ဒီရေကိုငုံပြီး အာလုပ်ကျင်းပေးခြင်းကလည်း နှာခေါင်းပိတ်နေတာကို သက်သာပျောက်ကင်းစေပါတယ်။