ဘယ်ကိုမှ မသွားရလို့ စိတ်ညစ်နေပြီလား ပျိုမေတို့ရေ။ Covid က တစ်နေ့တခြား ပိုဆိုးလာတာကြောင့် အပြင်သွားတိုင်း Mask တပ်နေရတာက အလုပ်တစ်ခု လို ဖြစ်လာပါပြီ။ သင်က ဓာတ်ပုံရိုက်တာ ဝါသနာပါပေမယ့် Mask ကြီး တကားကားနဲ့ ပို့စ်ပေးရမလွယ် ဖြစ်နေနိုင်ပါတယ်။

တကယ်လို့ Mask တပ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် အဓိကအနေနဲ့ ဆံပင်ပုံစံကို ဂရုစိုက်သင့်ပါတယ်။ ကိုယ့် Eye Makeup ကို ပိုအလေးထားသင့်ပါတယ်။ ဖက်ရှင်ဝတ်ဆင်ပုံကိုလည်း ကြည့်ကောင်းအောင် ကြိုးစားသင့်ပါတယ်။ ဒီလိုဆိုရင်တော့ သင် ပို့စ်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပို့စ်ပေးတတ်ဖို့ပဲ လိုတော့တာပါ။ ဒီတော့ Mask နဲ့ ဘယ်လိုပို့စ်ပေးရမလဲ ကြည့်လိုက်ရအောင်နော်-

၁။ တိလေးနဲ့ ပို့စ်ပေးမယ်

၂။ ဦးထုပ်ဆောင်းပြီး ခေါင်းငုံ့ထားတဲ့ ပုံစံလေး

၃။ Snap ပုံစံလေး

၄။ ဘေးစောင်းလေး

၅။ နောက်ပြန်လှည့်ကြည့်တဲ့ပုံစံ

၆။ လက်နှစ်ချောင်းထောင်မယ်

Photo Source: Pinterest

By MyStyle Myanmar