မိန်းကလေးတိုင်း လှချင်တယ်ဆိုတာက မှန်ပါတယ်။ဒါပေမယ့် ဘယ်အရာမဆို တန်းဆေးလွန်းဘေးဆိုတာ ရှိပါတယ်။ လှချင်တဲ့စိတ်တစ်ခုနဲ့ ဘယ်အရာကိုမဆို သတ်မှတ်ထားတာထက် ပိုပြီးမလုပ်သင့်ပါဘူးနော်။ အသားအရေထိန်းသိမ်းတဲ့ သူတစ်ယောက်အနေနဲ့ Skin Care ပုံမှန်လုပ်တယ် အသားအရေကို ဂရုစိုက်တယ်ဆိုတဲ့ အချက်တွေက ကောင်းတဲ့အရာလေးတွေပါ။ လိုတာထက်ပိုပြီး လှချင်တယ် ပိုပြီးကြည်ချင်တဲ့ စတဲ့ကောင်းကျိုးတွေကို ပိုပြီးခံစားချင်လို့ ပိုပြီးလုပ်တယ်ဆိုတာက မဖြစ်သင့်ပါဘူးနော်။ Skin Care ဆိုတာကလည်း အများအားဖြင့် Chemical တွေနဲ့ပဲလုပ်ထားတဲ့ အတွက် ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိပါတယ်။

Scrub ခဏခဏလုပ်ခြင်း 

မျက်နှာအသားအရေဆိုတာက နူးညံ့တဲ့အရေးပြားနေရာလေးလည်းဖြစ်ပါတယ်။ တစ်ပတ်လုံးလေထုက ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို Deep ဖြစ်စေတဲ့ Cleaning အနေနဲ့ Scrub လုပ်တာဖြစ်ပါတယ်။ Scrub လုပ်ခြင်းအားဖြင့် အဆီဖုတွေ၊ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ခါလောက်လုပ်ပေးရင်ကိုရပါပြီ။ နေ့တိုင်သုံးပေးပါက အရေးပြားကပါးလာတဲ့အတွက် အနီစက်တွေဖြစ်ခြင်း၊ အသားအရေတွေ ပျက်စီးစေနိုင်ပါတယ်။

Mask ကိုတစ်ချိန်လုံးကပ်ထားခြင်း 

Sheet Mask လေးတွေက မျက်နှာပေါ်မှာကပ်ထားရင် မျက်နှာလေးကအေးအေးလေးနဲ့ နေလို့လည်းအရမ်းကောင်းပါတယ်။ နေလို့ကောင်းတယ်ဆိုပြီး အချိန်အကြာကြီး ကပ်မထားသင့်ပါဘူး။ နောက်ပြီး အကြာကြီးကပ်ထားရင် ပိုပြီးအသားအရေကောင်းလာမယ်  ပိုပြီးGlow လာမယ်လို့ထင်တတ်ကြပါတယ်။ ဒီလိုမျိုးလုပ်ခြင်းက ပိုပြီးအသားအရေကို ခြောက်စေပါတယ်။

သန့်ရှင်းရေးမလုပ်ခြင်း 

Skin Care တွေမှာလည်း Date ရှိတဲ့အတွက် အလွန်ဆုံး ၁နှစ်လောက်သုံးပေးသင့်ပါတယ်။ သတ်မှတ်ထားတဲ့ နှစ်ထက်ကျော်လွန်ပြီး သုံးပါကမျက်နှာအသားအရေကို အရမ်းလည်းထိခိုက်နိုင်သလို အခန့်မသင့်ရင် Face Allegric တွေပါဖြစ်နိုင်ပါတယ်နော်။ ဒီအချက်ကို မိန်းကလေးတော်တော်များများက မလုပ်ချင်ကြပါဘူး။ နှမြောတာလည်းပါသလို သုံးလို့ရတယ်ဆိုပြီး မပစ်ချင်ကြပါဘူး။

Photo Source – Free.pik