Milk Tea ကို တစ်ခါတစ်လေသောက်တာလောက်က ဘာမှမဖြစ်ပေမယ့် နေ့တိုင်းနီးပါး ခဏခဏသောက်တာမျိုး၊ အလွန်အကျွံသောက်တာမျိုးဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် ကိုယ်တိုင်သောက်မိနေရင်လည်း ဆင်ခြင်လို့ရအောင် Milk Tea ကို ခဏခဏမသောက်သင့်တဲ့ အဓိကအကြောင်းအရင်း (၅) ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အိပ်မပျော်ခြင်း

Milk Tea ကို အလွန်အကျွံသောက်တာ၊ ခဏခဏနေ့တိုင်းနီးပါးသောက်တာတွေက ရက်ပိုင်းအတွင်းမှာတင်ပဲ တော်ရုံနဲအိပ်မပျော်တော့တာမျိုး သိသိသာသာ ဖြစ်လာပါတယ်။

စိုးရိမ်ပူပန်မှုတွေများလာခြင်း

တချို့ Tea တွေမှာက Chamomile လို့ခေါ်တဲ့ စိတ်ကို Relax ဖြစ်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အလွန်အကျွံသောက်ရင်တော့ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့စိတ်ကို လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် Tea က Brain Cells တွေကို Relax ဖြစ်စေပါတယ်။ အလွန်အကျွန်သောက်မိရင် Brain Chemicals တွေ Imbalance ဖြစ်ပြီး Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာစေပါတယ်။

ဝက်ခြံဖြစ်စေခြင်း

Milk Tea ကို အများကြီးသောက်ရင်ဖြစ်လာတဲ့ Side Effects ကတော့ ဝက်ခြံထွက်တာပါပဲ။ Tea က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေပါတယ်။ ဒါပေမယ့် Tea ကို အလွန်အကျွံသောက်ရင်တော့ Body Chemicals တွေ Imbalance ဖြစ်ပြီး ဝက်ခြံတွေထွက်လာစေပါတယ်။

ဝမ်းချုပ်ခြင်း

Milk Tea ကို အလွန်အကျွံသောက်ရင် Dehydration ဖြစ်ပြီး ဝမ်းချုပ်စေပါတတယ်။ ပုံမှန်ဝမ်းချုပ်တတ်တဲ့သူတွေအတွက်ဆို ပိုဆိုးတာမို့ ဆင်ခြင်ပြီးသောက်သင့်ပါတယ်။

သွေးပေါင်ချိန်မမှန်ခြင်း

Milk Tea ကို အလွန်အကျွံသောက်တဲ့အခါမှာ သွေးပေါင်ချိန်မမှန်တာမျိုး ဖြစ်လာတတ်ပါတယ်။ နှလုံးခုန်မြန်ပြီး ရင်တုန်တာတွေလည်း အဖြစ်များပါတယ်။

source:www.blushin.com