ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအနေနဲ့ ကိုယ့်ခွေးလေးနဲ့ အပြင်ထွက်ဖြစ်တဲ့အခါတွေမှာ ဒီလိုချစ်စရာကောင်းတဲ့ပုံလေးတွေ ရိုက်ကြည့်သင့်ပါတယ်။
ခွေးလေးနဲ့ အပြင်ထွက်တဲ့အခါမှာ သူ့ကိုချီပြီးကြည့်နေတဲ့ပုံမျိုးလေး ရိုက်ကြည့်ပါ။ ဘယ်နေရာရောက်ရောက် အမှတ်တရလည်းဖြစ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။ လုပ်ရတာအလွယ်ကူဆုံး pose ဆိုလည်း မမှားပါဘူး။
Red Velvet အဖွဲ့ဝင် Joy ရဲ့ ဒီပုံလေးဆိုရင် ခွေးလေးနဲ့ရိုက်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါရင် ကိုယ့်ခွေးလေးနဲ့ အပြင်ထွက်ဖြစ်တဲ့အခါ အမိုက်စား outfits လေးတွေနဲ့ ဒီလိုလေးရိုက်ကြည့်ပါ။
ခွေးလေးနဲ့ လမ်းလျှောက်ထွက်တဲ့အခါတွေမှာဆိုရင် ဒီလိုပုံလေးရိုက်ကြည့်ပါ။ ကိုရီးယားမလေးတွေရိုက်နေကျ ပုံစံမျိုးလည်း ဖြစ်ပါတယ်။
Picnic ထွက်တဲ့အခါ ကိုယ့်ခွေးလေးပါခေါ်သွားဖြစ်ရင် ဒီလိုချစ်ဖို့ကောင်းတဲ့ပုံလေးတွေ ရိုက်ကြည်သင့်ပါတယ်။ နောက်ကျောပုံလေးတွေ၊ snap ပုံလေးတွေက အရမ်းကိုအမှတ်တရဖြစ်စေမှာပါ။
အထာကျကျပုံလေးရိုက်ချင်ရင်တော့ ခွေးလေးနဲ့အပြင်သွားရင် ပန်းခြံက ကစားကွင်းမှာ ဒီလိုလေးရိုက်လို့ရပါတယ်။
ခွေးလေးနဲ့အပြင်သွားရင် ကားပေါ်မှာ ဒီလိုလေးလည်းရိုက်ကြည့်ဖို့ မမေ့ပါနဲ့။ အထာကျပြီးမိုက်လည်းမိုက်သလို၊ ချစ်ဖို့လည်းကောင်းပါတယ်။
ကိုယ့်ခွေးလေးက ကိုယ့်ကိုကြည့်နေချိန်မှာ ဒီလိုမျိုးလေး အမိအရရိုက်ကြည့်ပါ။ အရမ်းကိုချစ်ဖို့ကောင်းပါတယ်။
တချို့ကျတော့ မျက်နှာမပါတဲ့ပုံလေးတွေရိုက်ရတာကို ကြိုက်ကြပါတယ်။ ကိုယ့်မျက်နှာမပါချင်ရင် ဒီလိုမျိုးလေး ရိုက်ခိုင်းကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ကိုယ့်ခွေးလေးနဲ့ ကမ်းခြေရောက်ဖြစ်ရင် ချစ်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့။
ပန်းခင်းလေးတွေကြားမှာဆိုရင် ကိုယ့်ခွေးလေးကိုချီပြီး ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်သင့်ပါတယ်။
photo source:www.pinterest.com