အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ဈေးသက်သာပြီး သုံးလို့လည်းကောင်းသလို လူကြိုက်လည်းများတဲ့ Foundation (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Foundation ကို ဈေးကြီးတာမျိုး မသုံးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

Neutrogena SkinClearing Liquid Makeup

Best Overall Foundation လို့ သတ်မှတ်ခံထားရတာပါ။ Coverage ကတော့ Medium ဖြစ်ပြီး ရွေးချယ်စရာ Shade လည်းများပါတယ်။ Salicylic acid ပါလို့ အဆီပြန်တဲ့သူတွေအပြင် ဝက်ခြံသမားတွေနဲ့ပါ အဆင်ပြေပါတယ်။ လိမ်းထားရင်လည်း သဘာဝဆန်တဲ့ Natural Look လေး ရစေပါတယ်။

Catrice HD Liquid Coverage Foundation

အဆီပြန်တဲ့သူတွေက Matte Type တွေနဲ့ပဲ အဆင်ပြေပါတယ်။ ဒီ Foundation က Matte Type ဖြစ်ပြီး Coverage ကောင်းကောင်းပေးနိုင်လို့ အရမ်းအဆင်ပြေပါတယ်။ ရွေးချယ်စရာ Shade လည်း အများကြီးရှိပါတယ်။ Oil-free ဖြစ်လို့ ဝက်ခြံသမားတွေသုံးမယ်ဆိုလည်း အဆင်ပြေပါတယ်။ သုံးပြီးရင်တော့ မိတ်ကပ်ကို သေချာဖျက်ဖို့လိုပါတယ်။

L’Oréal Paris Infallible Pro-Matte Foundation

လူကြိုက်များပြီး အသုံးများတဲ့ Foundation ပါပဲ။ သူလည်း Matte Type ဖြစ်လို့ အဆီပြန်တဲ့သူတွေနဲ့ အဆင်ပြေပါတယ်။ Coverage ကတော့ Medium ဖြစ်ပြီး ရွေးချယ်စရာ Shade လည်း အရမ်းများပါတယ်။

Rimmel London Stay Matte Liquid Mousse Foundation

လိမ်းထားရင်ပေါ့ပါးမှုရှိပြီး Coverage လည်းကောင်းကောင်းပေးနိုင်တဲ့ Foundation မျိုးပါ။ ရွေးချယ်စရာ Shade အများကြီးရှိပြီး Matte Type လည်းဖြစ်လို့ အဆီပြန်တဲ့သူတွေအတွက် ကွက်တိပါပဲ။

Makeup Revolution Conceal & Define Full Coverage Foundation

ရွေးချယ်စရာ Shade အရမ်းများပြီး Coverage အပြည့်အဝပေးနိုင်တာမျိုးလိုချင်ရင် ဒီ Foundation ကိုသာ ရွေးချယ်ပါ။ Oil-free ဖြစ်လို့ အဆီပြန်တဲ့သူတွေ အကြိုက်တွေ့မှာပါ။ ဒါ့အပြင် လိမ်းထားရင်လည်း ထူထူပိန်းပိန်းကြီးဖြစ်မနေပဲ မိတ်ကပ်သားလှနေစေပါတယ်။

source:www.byrdie.com