မိတ်ကပ်ပြင်တဲ့အခါမှာ မျက်လုံးကို eyeliner မဆိုးပဲ မျက်တောင်လေးကို mascara နဲ့ကော့လိုက်ရင်ပဲ လှနေပါပြီ။ ပြင်ဆင်ရတာပျင်းတဲ့သူတွေဆိုလည်း mascara နဲ့ မျက်တောင်ကော့၊ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် perfect ဖြစ်နေပါပြီ။ ဒါကြောင့် မိန်းကလေးတိုင်းမှာ mascara ရှိထားဖို့လိုပါတယ်။ ပြီးရင်တော့ mascara သုံးတဲ့သူတိုင်း သိထားသင့်တဲ့အရာ ၅ ခုရှိပါတယ်။ အသုံးဝင်စေမယ့်အရာတွေ ဖြစ်မှာပါ။

Mascara တွေက ကြာလာရင် ခြောက်ပြီးမွမွကြီးဖြစ်နေတာမျိုး၊ သိပ်မထင်တော့တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလိုတွေဖြစ်နေရင် mascara ကို ရေနွေးခွက်ထဲထည့်ပြီး ၅ မိနစ် စိမ်ထားလိုက်ပါ။ ပြီးရင် eye drops (သို့) contact lenses solution ကို ၃ စက်ထည့်ပြီး shake လုပ်လိုက်ပါ။ ပြီးရင်တော့ သုံးလို့ရပါပြီ။ mascara က မခြောက်တော့ပဲ စသုံးတုန်းကလိုမျိုး စိုစိုလေးပြန်ဖြစ်သွားတာကို တွေ့ရမှာပါ။

Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ တစ်ခုနဲ့တစ်ခုကပ်ပြီး အစုလိုက်ဖြစ်သွားရင် လုံးဝမလှပါဘူး။ (သို့) မသုံးခင် mascara ကို ဘူးပတ်ပတ်လည်မှာခြစ်ချပြီးမှ မျက်တောင်ကို ဖြေးဖြေးချင်းစီဖြီးပြီး ကော့ပေးတာမျိုး လုပ်ပါ။ ဒါဆိုရင် မျက်တောင်ကော့ထားတာလေးက natural ဆန်ပြီး လှနေမှာပါ။

မျက်တောင်ထူထူလေးလိုချင်ရင် mascara နဲ့ ၂ ထပ် ပြန်ကော့ပေးပါ။ ကော့တဲ့အခါမှာလည်း သေချာဖြေးဖြေးချင်းစီဖြီးပြီး ကော့ပေးပါ။

Mascara တွေကိုဖျက်တဲ့အခါမှာ မျက်တောင်မကျွတ်အောင် အနူးညံ့ဆုံးနည်းလမ်းနဲ့ ဖျက်ပေးရပါမယ်။ အရင်ဆုံး cotton pad ထဲကို micellar water ထည့်ပြီး နှစ်ခေါက် ခေါက်လိုက်ပါ။ ပြီးရင်တော့ မျက်တောင်ကော့သလိုပဲ အတွင်းဘက်ကနေပင့်ပြီး ဖျက်ပေးပါ။ မျက်လုံးကိုပွတ်ပြီးဖျက်တာထက်စာရင် ဒီလိုဖျက်ပေးတာက မျက်လုံး၊ မျက်တောင် ထိခိုက်ပျက်စီးမှုနည်းစေပြီး mascara လည်း ပြောင်ပါတယ်။

Mascara တစ်ခုရဲ့ သက်တမ်းက ၆ လပဲခံပါတယ်။ ၆ လပြည့်ရင် မကုန်သေးလည်း ဆက်မသုံးသင့်တော့ပါဘူး။ mascara ဘူးမှာ (သို့) အောက်ခြေမှာ 6M ဆိုပြီးရေးထားတာတွေ့ပါလိမ့်မယ်။ အဲ့တာက ၆ လပဲ ခံတယ်ဆိုတာကို ရေးပြထားတာပါ။ တခြား cosmetics တွေ skincare ပစ္စည်းတွေမှာလည်း ဒီလိုပဲ ရေးပေးထားပါတယ်။

source:www.denitslavamakeup