အထိုင်များတဲ့အလုပ်လုပ်နေရတဲ့သူတွေက ကြားထဲမှာ break time ယူပေးဖို့လိုပါတယ်။ အနားမပေးပဲ ဆက်တိုက်ထိုင်ပြီး အချိန်အကြာကြီး အလုပ်ထိုင်လုပ်နေမယ်ဆိုရင်တော့ ကြာလာရင် ဒီလို Side Effect တွေ ရလာနိုင်ပါတယ်။

အနားမပေးပဲ အချိန်အကြာကြီးထိုင်ပြီး ဆက်တိုက်အလုပ်လုပ်နေတာဟာ ကြာလာရင် ခါးနာတာ၊ တင်ပဆုံရိုးနာတာတွေ ဖြစ်စေပါတယ်။ အမြဲတမ်းအဲ့လိုပဲ ထိုင်လုပ်နေရင်တော့ ခါးနာတာက ဒဏ်တစ်ခုလိုဖြစ်သွားပြီး အချိန်တိုင်း နာနေပါလိမ့်မယ်။

အချိန်အကြာကြီးထိုင်နေတာက နေ့စဉ်ရက်ဆက်ဆိုရင် လှုပ်ရှားမှုမရှိတဲ့အတွက် ခြေထောက်ကြွက်သားတွေ အားနည်းလာပါတယ်။

အနားမပေးပဲ ဆက်တိုက်ထိုင်အလုပ်လုပ်တာက အမြဲတမ်းဆိုရင် နှလုံးထိတာ၊ အစာခြေစနစ်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ စားလည်းထိုင်၊ ပြီးရင်လည်း ဆက်ပြီးထိုင်အလုပ်လုပ်ဆိုတော့ အစာမကြေတာ၊ ဗိုက်အောင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။

အထိုင်များတဲ့အလုပ်လုပ်ရတဲ့သူတွေက ဇာတ်ကြောတက်တာတွေ အရမ်းဖြစ်ပါတယ်။ အနားမပေးပဲ တချိန်လုံးထိုင်လုပ်နေတဲ့သူတွေဆိုရင်တော့ ပိုဆိုးပါတယ်။ သူလည်းခါးနာသလိုပဲ ဒဏ်ဖြစ်ပြီး အမြဲတမ်း ဇာတ်ကြောတွေ၊ ပခုံးကြောတွေတင်းပြီး ဇာတ်ကြောတက်နေပါလိမ့်မယ်။

အထိုင်များတဲ့အလုပ်က အဆီတွေပိုစုစေပါတယ်။ အဲ့တာကိုမှ break time ပေးပြီး လှုပ်ရှားပေးတာမျိုးတွေမလုပ်ပဲ ဆက်ထိုင်ထိုင်လုပ်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်က လှုပ်ရှားမှုလုံးဝမရှိတဲ့အတွက် ဝိတ်ပိုတက်လာမယ်၊ အဆီတွေပိုစုလာမယ်၊ အထူးသဖြင့် ဗိုက်နဲ့ခါးမှာ အဆီပိုတွေများလာပါလိမ့်မယ်။

source:www.onlymyhealth.com