မိန်းကလေးတိုင်းက သူတို့ရဲ့ဆံသားတွေကို လှပနေအောင်အမြဲတမ်းထိန်းသိမ်းတတ်ကြပါတယ်။ ဆံသားတွေညစ်ပတ်လာပြီဆိုရင်လည်း ခေါင်းလျှော်ပြီးသန့်ရှင်းက အမြဲလုပ်ကြတာကတော့ ထုံးစံလိုမျိုးဖြစ်နေပါပြီနော်။
ဒါပေမယ့် ဒီလိုမျိုး ဆံသားတွေကိုသန့်ရှင်းအောင် ထိန်းသိမ်းတဲ့နေရာမှာ မသိပဲပြုလုပ်မိနေတဲ့ အမှားမျိုးတွေလည်းရှိနိုင်တာကြောင့် ပြင်ဆင်လို့ရအောင်ပြောပြပေးချင်ပါတယ်နော်။
ကိုယ့်ဆံသားနဲ့သင့်တော်မှုရှိစေမယ့် ခေါင်းလေ ျှာ်ရည်မျိုးကို ရွေးချယ်ပါ။ တကယ်လို့ ကိုယ်ကဆံပင်အရမ်းကျွတ်တတ်တဲ့ သူမျိုးဆိုရင်လည်း ဆံပင်ကျွတ်တာတွေကို သက်သာစေမယ့် ခေါင်းလေ ျှာ်ရည်မျိုးပေါ့။ ဒီလိုမျိုး ကိုယ့်ဆံသားနဲ့လိုက်ဖက်တဲ့ ခေါင်းလေ ျှာ်ရည်မျိုးကို ရွေးချယ်ပြီးဝယ်မယ်ဆိုရင်တော့ ဆံသားကိုလည်းထိန်းသိမ်းပြီးသားဖြစ်စေမှာပါ။
နောက်တစ်ခုကတော့ ခေါင်းလေ ျှာ်တဲ့အခါ အိမ်မှာလေ ျှာ်ရင်ပဲဖြစ်ဖြစ်၊ ဆိုင်မှာလေ ျှာ်ရင်ပဲဖြစ်ဖြစ် ခေါင်းလေ ျှာ်ရည်တွေကို ပြောင်စင်နေအောင်ရေနဲ့ ပြန်လည်ဆေးကြောပေးဖို့လိုပါတယ်။ ခေါင်းလေ ျှာ်ရည်တွေ သေချာမပြောင်ပဲ ဆံပင်မှာကျန်နေခဲ့တဲ့အခါ ဆံသားကိုခဏလေးနဲ့ ညစ်ပတ်သွားစေတတ်ပါတယ်။
ခေါင်းလေ ျှာ်တဲ့အခါမှာ တစ်ချို့တွေက ရေနွေးကိုအသုံးပြုတတ်ကြပါတယ်။ ဒါက မှားယွင်းနေတဲ့အချက်တစ်ခုလို့တောင်ပြောလို့ရပါသေးတယ်။ ခေါင်းလေ ျှာ်တဲ့အခါမှာ ရေနွေးက ဆံသားတွေကိုပျက်စီးလွယ်ပြီး ဦးရေပြားကိုလည်းခြောက်သွေ့စေပါတယ်။ ဆံပင်ကျွတ်တာမျိုးတွေလည်းဖြစ်စေတယ်ဆိုတာကို မှတ်ထားဖို့တော့လိုပါလိမ့်မယ်နော်။
ခေါင်းလေ ျှာ်ပြီးသွားတဲ့အချိန်မှာ ဆံသားတွေကိုပျက်စီးမှုကနေ ထိန်းသိမ်းချင်တယ်ဆိုရင်တော့ Conditioner လေးကလည်း ပါဝင်နေသင့်ပါတယ်နော်။ ခေါင်းလေ ျှာ်ပြီးသွားတဲ့အခါ Conditioner ကို ဆံသားတွေကိုသေချာလိမ်းပေးပြီး ၃ မိနစ်လောက်ထားပြီးမှ ရေပြန်ဆေးကြောပေးသင့်တယ်နော်။ တစ်ခုသိထားရမှာက Conditioner ကိုသုံးတဲ့အခါမှာ ဆံပင်အဖျားနားတွေကိုပဲ သုံးပေးသင့်တယ်နော်။
ဆံပင်တွေကို လက်နဲ့ခဏခဏ ကိုင်နေတတ်တဲ့အကျင့်မျိုးတွေကိုလည်း ပြင်ဆင်သင့်ပြီလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ချွေးတွေက ဆံပင်နဲ့သွားသွားထိတွေ့မိနေတဲ့အခါမှာ ပိုပြီးတော့ညစ်ပတ်စေတတ်ပါတယ်။
Dry Shampoo ကိုတစ်ချို့တွေက ဆောင်ထားဖို့မလိုအပ်ဘူးလို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ Dry Shampoo ဆိုတာ ပျိုမေတို့ရဲ့ မှန်တင်ခုံပေါ်မှာ အမြဲတမ်းရှိနေသင့်တဲ့အရာပါ။ ဆံသားတွေနည်းနည်း ညစ်ပတ်ပြီး စေးကပ်ကပ်ဖြစ်လာပြီဆိုရင် Dry Shampoo လေးနဲ့မြန်မြန်ဖြေရှင်းလိုက်လို့ရတာပေါ့။