ကော်ဖီဆိုင်လှလှလေးတွေခေတ်စားလာတာနဲ့အမျှ ကောင်မလေးတွေကလည်း  ကော်ဖီဆိုင်တွေထိုင်ရင်း ဓာတ်ပုံလှလှလေးတွေရိုက်လေ့ရိုက်ထရှိပါတယ်။ Date သွားလို့ ကိုယ့်ကောင်လေးကိုဓာတ်ပုံလှလှလေးတွေ ရိုက်တဲ့အခါ Poses လှလှလေးတွေပေးတဲ့အခါ  ကောင်လေးကလည်း အချစ်ပိုတိုးတာပေါ့။ ချစ်စရာကောင်းပြီး Poses ပေးနေလို့ပေးမှန်းမသိတဲ့ပုံစံလေးတွေကလည်း ချစ်စရာကောင်းပါတယ်။ ကော်ဖီခွက်တစ်ခွက်ရှိရုံနဲ့ ဓာတ်ပုံလှလှလေးတွေရရှိမှာဖြစ်ပါတယ်။

Cafe ဆိုင်လှလှလေးတွေသွားတဲ့အခါမှာလည်း ပေ့ါပေါ့ပါးပါးဖြစ်စေတဲ့ အဝတ်အစားမျိုးကိုပဲ ဝတ်စေချင်ပါတယ်။Poses ပေးတဲ့အခါမှာလည်း အရမ်းကြီးလုပ်ယူပြီး ပဲတွေပေးနေတာထက်စာရင် မသိမသာလေးနဲ့ ခိုးရိုက်တဲ့ ပုံစံမျိုးလေးတွေဖြစ်ဖြစ်၊ Snap လိုမျိုးပုံစံလေးတွေက ပိုပြီးလှပါတယ်။ Cafe ဆိုင်လှလှလေးတွေသွားပြီးဓာတ်ပုံသွားရိုက်လျှင်လည်း ဓာတ်ပုံရိုက်တော်တဲ့ သူငယ်ချင်းကတော့ မပါမဖြစ်ပေါ့။

Photo Source – Pinterest