အပြင်တွေသွားတိုင်း Mask ကိုမဖြစ်မနေတပ်သွားရတာကလည်း အလုပ်တစ်ခုပါနော်။ မိန်းကလေးတွေက Mask တပ်ထားရင်တောင် လှချင်ပချင်ကြပါတယ်နော်။ Mask တပ်တာကအားသားချက်လည်းရှိသလို အားနည်းချက်လည်းရှိပါတယ်။ ကိုယ်က အပျင်းကြီးပြီးဘာမှမလိမ်ချင်တော့လို့ ဘာမှမလိမ်းပဲနဲ့ Mask ကောက်တပ်ပြီး အပြင်သွားလို့လည်းရသလို၊ မိတ်ကပ်တွေအများကြီးလိမ်းထားရင်တော့ ကိုယ့်ရဲ့အလှတရားကို အပြည့်မမြင်ရတော့ဘူးပေါ့နော်။ Mask တပ်ထားရင်လည်း မျက်လုံးလေးတွေက ပေါ်နေသေးတာမို့ မျက်လုံးအလှလေးတွေချယ်သင့်ပါတယ်။

မျက်လုံးကိုချယ်တဲ့အခါမှာလည်း ကိုယ့်အပြင်သွားရင်ဝတ်သွားမယ့် Outfit အပေါ်လိုက်ပြီးတော့ ချယ်ပေးသင့်ပါတယ်။ အချိန်ကုန်လည်းသက်သာ ကိုယ့်ကိုကြည့်လိုက်တာနဲ့လည်း ပြင်ပြင်ဆင်ဆင်ရှိတဲ့ပုံစံလေး ပေါက်သွားတာပေါ့။ Eyes Make Up Look တွေလိမ်းချယ်တဲ့အခါမှာသတိထားသင့်တာက ကိုယ်တပ်မယ့် Mask အရောင်နဲ့လိုက်တဲ့ ကာလာမျိုးတွေကိုသုံးစေချင်ပါတယ်။ ရောဂါလည်း ကာကွယ်သလို ကိုယ်လည်းအလှတွေတိုးတာပေါ့။

Photo Source – Pinterest