Cute type ကြိုက်တဲ့ ကောင်မလေးတွေအတွက် Outfits ideas လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ Outfits လေးတွေဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။
အခုနောက်ပိုင်းမှာ ဒီလိုကြိုးတစ်လုံးဂါဝန်လေးတွေက အရမ်းခေတ်စားနေတာပါ။ ဒီဂါဝန်လေးတွေကိုဝတ်တဲ့အခါမှာ sneaker အဖြူလေးစီးရင် လုံးဝကို cute type ဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
ဒီလိုဂါဝန်လက်ပြတ်လေးဆိုရင် အောက်ခံ ရင်ပြတ်အဖြူခံပြီး ဝတ်ကြည့်ပါ။ ဒေါက်ဖိနပ်စီးပြီး ပုံထဲကလို အိတ်လေးကိုင်လိုက်ရင်တော့ ကိုရီးယားမလေးတွေဝတ်နေကျ ဖက်ရှင်မျိုးဖြစ်သွားမှာပါ။
အခုနောက်ပိုင်းမှာ ပိုးဖဲသားဂါဝန်လေးတွေက အရမ်းကိုခေတ်စားနေတာကြောင့် ဒီဂါဝန်လေးတွေကို ဝတ်တဲ့အခါမှာ ကြိုးတစ်လုံးအတိုင်း မဝတ်ချင်ရင် cardigan လေးထပ်ဝတ်ပြီး ဒေါက်ဖိနပ်လှလှလေးသာစီးပါ။
ဒီလိုမျိုးစကပ်လေးတွေက vintage ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ အဲ့စကပ်လေးတွေကိုဝတ်ရင် ပုံမှာပြထားတဲ့ outfit idea လေးအတိုင်းသာ ဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး အရမ်းကိုချစ်ဖို့ကောင်းနေမှာပါ။
စကပ်အကွက်လေးတွေကလည်း အခုထိခေတ်စားနေတုန်းပဲမို့ ချစ်ဖို့ကောင်းတဲ့ ဒီလိုအင်္ကျီတွေနဲ့တွဲဝတ်ပြီး sneaker အဖြူလေးစီးလိုက်မယ်ဆိုရင်တော့ cute type လေးဖြစ်နေမှာပါ။
ဒီလိုဝမ်းဆက်လေးတွေကိုဝတ်မယ်ဆိုရင် ဒေါက်ဖိနပ်လှလှလေးတွေ၊ sneaker အဖြူလေးတွေစီးတာက ပို cute ဖြစ်ပါတယ်။ အိတ်ကျတော့ အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ shoulder bag လေးတွေနဲ့ဆို ပိုပြီးဖက်ရှင်ကျနေမှာပါ။
စကပ်အကွက်လေးတွေကို ဒီလို top လေးတွေနဲ့ တွဲဝတ်တာကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ cute ဖြစ်ပါတယ်။
တင်းနစ်စကပ်လေးတွေ ဝတ်တဲ့အခါမှာတော့ လက်ပြတ်လေးတွေနဲ့တွဲဝတ်ပြီး boot အမဲလေးစီးတာက ဖက်ရှင်ကျပြီး ပိုချစ်ဖို့ကောင်းပါတယ်။
ဒီလိုဂျင်းဖက်ရှင်လေးကလည်း လူငယ်ကောင်မလေးတွေဝတ်လိုက်ရင် လုံးဝကို cute type ဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
Photo source: www.pinterest.com