ဆွဲဆောင်မှုမြင့်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ပုံရိပ်ကို ကိုယ့်ဆီမှာ ချိတ်ဆွဲထားဖို့က သိပ်အခက်ကြီး မဟုတ်ပါဘူး။ နေ့စဉ်ကိုယ်ဝတ်နေတဲ့ Casual Style ဖက်ရှင်ကိုပဲ နည်းနည်းလေး ပြောင်းလိုက်ဖို့ပါပဲ။
(၁) လိုက်ဖက်အောင် ဝတ်ပါ
Photo: Insidr
လိုက်ဖက်အောင် ဝတ်ဆိုတဲ့ စကားကတော့ ယေဘုယျဆန်လွန်းနေမှာပါ။ ဆိုလိုတာက ကိုယ့်ဖက်ရှင်ဟာ ကိုယ်ရောက်နေတဲ့ နေရာနဲ့ အံဝင်နေဖို့ လိုပါတယ်။ အမြဲတမ်း တီရှပ်နဲ့ ဂျင်းဘောင်းဘီ ဝတ်တာထက် Smart Casual ဖြစ်အောင် ကုတ်အပါးနဲ့ သပ်ရပ်တဲ့ ချည်သားဘောင်းဘီမျိုးလေးတွေလည်း အပြောင်းအလဲလုပ်ပြီး ဝတ်သင့်ပါတယ်။
(၂) မရိုးနိုင်မယ့် ပစ္စည်းကောင်းလေးတွေမှာ ငွေပိုသုံးပါ
Photo: Modern Gentleman Magazine
သင့်အဝတ်ဗီရိုထဲက ပစ္စည်းတိုင်းက အမြဲတမ်း သုံးလို့ကောင်းတာတော့ မဟုတ််ပါဘူး။ တစ်ချို့ဆို တစ်ရာသီအတွက်ပဲ အသုံးခံပါတယ်။ ကိုယ်အမြဲသုံးဖြစ်မယ့် ပစ္စည်းဟာ အရည်အသွေးမြင့်တဲ့ ပစ္စည်းဖြစ်သင့်ပါတယ်။ နှစ်နဲ့ချီ သုံးမယ့် ပစ္စည်းတွေဆီ ပိုလို့တောင် အရည်အသွေးကို ကြည့်ရမှာပါ။ ဥပမာ- ဂျက်ကတ်ကောင်းတစ်ထည် ၊ အဆင့်အတန်းမြင့် နာရီတစ်လုံးနဲ့ တန်ဖိုးကြီး Sneaker တစ်ရံမျိုး ဖြစ်ပါတယ်။
(၃) အပေါ်ထပ် ဝတ်ပါ
Photo: asdagoodliving
တစ်ခါတစ်လေမှာ ဖလန်နယ်ရှပ်လက်ရှည်လေးလို ၊ ဂျင်းဂျာကင်အပါးတစ်ထည်လို Layering လေး လုပ်လိုက်တာနဲ့ ဖက်ရှင်ပြောင်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အခြေအနေကို လိုက်ပြီး အပေါ်ထပ် အင်္ကျီကောင်းလေးတွေ ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၄) ဆိုဒ်မှန်တဲ့ အဝတ်အစားပဲ ရွေးချယ်ပါ
Photo: La Polo
Fitting ကျဖို့ဆိုတာ အဝတ်အစားဝယ်တိုင်း ခေါင်းထဲမှာ ရှိထားရမယ့် စည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်နဲ့ မတော်တဲ့ အဝတ်အစားမျိုး ဝတ်တာက ကိုယ့်ရဲ့ စတိုင်ကိုပါ ဖျက်ဆီးလိုက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဝတ်အစားဝယ်တိုင်း Fit Size ဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။