သင်က မျက်မှန်တပ်ရတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ ယောကျာ်းလေးတွေကို ဆွဲဆောင်နိုင်သူ တစ်ယောက်ပါပဲ။ လေ့လာချက်တွေထဲမှာ ယောကျာ်းလေးတွေက မျက်မှန်နဲ့ ပျိုမေတွေကို ဆွဲဆောင်မှုရှိတယ်လို့ ဆိုထားပါတယ်။ သင်က မိတ်ကပ်လိမ်းပြီးနောက် ပုံမှန်မျက်မှန်တပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ထူးခြားသွားအောင် အလှမျက်မှန်တပ်တာဖြစ်ဖြစ် မိတ်ကပ်လိမ်းနည်းတွေကို သိထားဖို့ လိုပါတယ်။ မျက်မှန်နဲ့ မိတ်ကပ်လှလှလေး လိမ်းနည်း သိထားတဲ့အခါ သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။
၁။ Concealer ကို မျက်လုံး ထောင့်ထဲ လိမ်းပေးပါ
Photo Source: YouTube
မျက်လုံးကို တောက်ပနေဖို့ မျက်လုံး အတွင်းထောင့်ဘက်ကို Concealer လိမ်းပေးသင့်ပါတယ်။ မျက်မှန်တပ်တဲ့အခါ မျက်လုံးထောင့် ပိုညိုနေတတ်တာမို့ မိတ်ကပ်အကူအညီနဲ့ ဖုံးကွယ်သင့်ပါတယ်။
၂။ နှာခေါင်းကို ပေါင်ဒါပုတ်ပေးပါ
Photo Source: Luxie Beauty
မျက်မှန်တပ်တဲ့အချိန် နှာတံပေါ် ဖိမိပြီး အရာမထင်သွားအောင် ပေါင်ဒါနဲ့ ပုတ်ပေးသင့်ပါတယ်။ ပေါင်ဒါပုတ်ပေးတာကြောင့် နှာခေါင်းအဆီပြန်တာလည်း လျော့ပါးသွားစေပါတယ်။
၃။ အရောင်အညို
Photo Source: YouTube
Eyeshadow ခြယ်တဲ့အခါ အရောင်တောက်တာမျိုး မသုံးဘဲ အညိုရောင် အနုလေး သုံးပေးသင့်ပါတယ်။ အညိုအနုက မျက်လုံးကို သဘာဝဆန်ဆန်နဲ့ ပိုလှနေစေမှာပါ။
၄။ အဖြူရောင် လိုက်ပေးပါ
Photo Source: FabfitFun
မျက်ခွံ အပြင်ထိပ်ကို အဖြူရောင်ခြယ်ပေးတာကြောင့် မျက်လုံးပိုကြီးတယ်လို့ ထင်ရစေပါတယ်။ မျက်မှန်တပ်လိုက်တဲ့အချိန် ကိုယ်ဆိုးထားတဲ့ Eyeshadow ပုံစံက သဘာဝကျကျနဲ့ လင်းထွက်နေစေမှာပါ။
၅။ Eyeliner
Photo Source: Pinterest
Eyeliner ခြယ်တဲ့အခါ မျက်လုံးထောင့်ဘက်ပဲ ခြယ်ပေးသင့်ပါတယ်။ မျက်လုံးအလယ်နား ခြယ်တာမျိုး ရှောင်ပေးသင့်ပါတယ်။
၆။ မျက်တောင်တုရွေးတဲ့အခါ
Photo Source: Glamour
ကိုယ်က မျက်မှန်တပ်ရမှာ ဖြစ်တာကြောင့် မျက်တောင်တု ရွေးတဲ့အခါ မရှည်လွန်းတာမျိုးကို ရွေးသင့်ပါတယ်။ မျက်တောင်တု တပ်ထားတယ်လို့ မထင်ရတာမျိုးကို ရွေးကပ်ပေးသင့်ပါတယ်။
၇။ White Liner
Photo Source: NewBeauty
မျက်လုံး အောက်နှုတ်ခမ်းအဆက်ကိုလည်း အဖြူရောင် Liner ခြယ်ပေးသင့်ပါတယ်။ အဖြူ Liner ခြယ်ပေးတာကြောင့် မျက်လုံးကို ပိုကြီးသွားစေပါတယ်။
By MyStyle Myanmar