ကိုယ်သတိမထားမိပဲ နေ့စဉ်ပြုလုပ်မိနေတဲ့ ဒီအလေ့အကျင့်တစ်ချို့က သွေးပြန်ကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။

ခြေသလုံးမွှေးရိတ်ခြင်း

ခြေသလုံးမွှေးရိတ်တာက အသားအရေကိုလည်း ထိခိုက်ပျက်စီးစေသလို သွေးပြန်ကြောတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ တချို့ကျတော့ မြန်မြန်ပြီးအောင် ရိတ်တာမျိုးကိုပဲ ခဏခဏလုပ်လေ့ရှိပါတယ်။ ဒါမျိုးက လုံးဝမလုပ်သင့်ပါဘူး။ ရိတ်မယ်ဆိုရင်လည်း shaving cream သုံးပြီးရိတ်ပေးတာက ထိခိုက်ပျက်စီးမှု ပိုနည်းစေပါတယ်။

ခြေထောက်ကို Exfoliate လုပ်ဖို့မေ့နေခြင်း

ခြေထောက်ကို exfoliate လုပ်ပေးတာ၊ scrub လုပ်ပေးတာက သွေးပြန်ကြောတွေ varicose မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်အသားအရေလည်း နူးညံ့ချောမွေ့စေပါတယ်။ ဒါကြောင့် ခြေထောက်ကိုလည်း exfoliate လုပ်ပေးသင့်ပါတယ်။

Dry brush ကို ခဏခဏသုံးခြင်း

Dry brush ကိုသုံးပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး သူ့ကြောင့်ရရှိတဲ့ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခဏခဏသုံးပေးမယ်၊ အားနဲ့အရမ်းတိုက်နေမယ်ဆိုရင်တော့ သွေးပြန်ကြောတွေ ပျက်စီးစေပါတယ်။

သကြားသုံးစွဲမှုလွန်ကဲခြင်း

သကြားကို သုံးစွဲသင့်တာထက် လွန်ကဲပြီးသုံးစွဲတာဟာ သွေးပေါင်ချိန်တိုးစေပြီး သွေးပြန်ကြောတွေကို အားနည်စေပါတယ်။ ထိခိုက်စေပါတယ်။ အချိုကြိုက်ရင်တောင် သကြားကို အများကြီးသုံးစွဲတာထက် သကြားဓာတ်ပါတဲ့ အသီးအနှံတွေကိုသာ များများစားပေးပါ။

အမြဲပက်လက်အိပ်ခြင်း

အမြဲတမ်းပက်လက်အနေအထားနဲ့ အိပ်တာက သွေးပြန်ကြောတွေ ထိခိုက်ပျက်စီးစေလို့ ဘေးတစ်စောင်းအိပ်ပေးဖို့ အကြံပြုထားပါတယ်။ ညာဘက်ကို ဘေးတစ်စောင်းအိပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွွန်စေပါတယ်။

source:www.brightside.me