သင်က သင့်အသားအရေကို ပြောင်ပြောင်လင်းလင်းလေး ဖြစ်ချင်တယ်ဆိုရင် ထိန်းသိမ်းနည်းတွေကို သိဖို့ လိုအပ်ပါတယ်။ တချို့ ပျိုမေတွေကတော့ အသားအရေ Bright ဖြစ်တဲ့ ပုံစံကို မလိုချင်ကြပါဘူး။ အသားအရေ Glow ဖြစ်နေရင်တော့ ကိုယ့်အသားအရေက ကျန်းမာပြီး စိုပြေတယ်လို့ ထင်ရစေပါတယ်။ ကိုးရီးယားက မိန်းကလေးတွေဆိုရင် Glow Skin ကို ပိုင်ဆိုင်ကြပါတယ်။ သင်က လက်ရှိအသားအရေထက် ပိုပြီးတောက်ပချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ မျက်နှာချေးချွတ်ပါ

မျက်နှာမှာ ချွေးချွတ် (Exfoliate) လုပ်တဲ့အခါ Mild exfoliate ဆိုရင် ပိုကောင်းပါတယ်။ ကိုယ့် ချေးချွတ်တဲ့ ပစ္စည်းက အပျော့စား ဖြစ်တယ်ဆိုရင် တစ်ရက်ခြား တစ်ခါ လောက် ပြုလုပ်နိုင်ပါတယ်။ မျက်နှာ ချွေးချွတ်ပေးတဲ့အခါ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်ပြီး အရင်ကထက် မျက်နှာ ပိုကြည်လာပါလိမ့်မယ်။ ပုံမှန်ချွေးချွတ်ပေးတဲ့အခါ ဆားဝက်ခြံတွေပါ ပါလာပါလိမ့်မယ်။

၂။ Hyaluronic Acid

Hyaluronic က လူ့ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ အခုဆိုရင် Hyaluronic Acid ပါတဲ့ အလှကုန် Skin Care တွေကို ပျိုမေတို့ အားလုံး ရင်းနှီးနေလောက်ပါပြီ။ Hyaluronic Acid က အရေးအကြာင်းတွေကို သက်သာစေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ Supplement အနေနဲ့လည်း သောက်နိုင်ပါတယ်။

၃။ Vitamin C

မနက်ပိုင်းမှာ Vitamin C ပါဝင်တဲ့ Serum ဒါမှမဟုတ် Essence ကို လိမ်းပေးသင့်ပါတယ်။ ဗီတာမင်စီက အသားအရေကို တောက်ပစေပြီး အမည်းစက်တွေကို လျော့ပါးစေပါတယ်။

၄။ Facial Mist

သင်က သင့်မျက်နှာကို တစ်နေ့လုံး လန်းဆန်းစေချင်တယ်ဆိုရင်တော့ Facial Mist သုံးပေးသင့်ပါတယ်။ Facial Mist က Skin Care Step တွေမှာ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ပေမယ့် အသားအရေကို Glow Look ရစေပါတယ်။ ဒါ့အပြင် ရေဓာတ်လည်း ဖြည့်ပေးပါတယ်။

Photo Source: Pinterest

By MyStyle Myanmar