သင်က ရင်သား A, AA Size လောက် ရှိတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ရင်သားသေးတယ်ဆိုပြီး အားငယ်စရာလည်း မလိုပါဘူး။ ရင်သားသေးတာနဲ့ ဆန့်ကျင်ဘက်လိင်က စိတ်မဝင်စားတာနဲ့ ဘာမှ မဆိုင်ပါဘူး။ ပျိုမေတို့အနေနဲ့ ရင်သားသေးတယ်ဆိုရင် ဒါကို ဘယ်လို အလှဆုံး ဖြစ်အောင် ပြင်ရမလဲ၊ ဘယ်လို လုပ်သင့်လဲ စတာတွေကို ပဲ စဉ်းစားသင့်ပါတယ်။ ဒီတော့ ရင်သားသေးသူတွေအတွက် ပိုလှသွားအောင် ဘယ်လို အဝတ်အစား ဖက်ရှင်မျိုး ဝတ်နိုင်လဲ ကြည့်လိုက်ရအောင်နော်-
၁။ V Shape
လည်ပင်း V Shape ရှိတဲ့ အဝတ်အစားတွေက ရင်သားသေးတဲ့ ပျိုမေတွေနဲ့ သင့်တော်ပါတယ်။ ရင်ဘတ်က V ပုံစံ ဖြစ်သွားတာမို့ ကိုယ့်ကို ဆွဲဆောင်မှု ပိုရှိစေပါတယ်။
ရင်သားသေးတဲ့သူတွေက အင်္ကျီအပွ Oversized ဝတ်တဲ့အချိန် ရင်သားကြီးသူတွေထက် ပိုသာပါတယ်။ ဘာလို့လဲဆိုတော့ Oversized အဝတ်အစားပုံစံက ဘာ Shape မှ မပေါ်ဘဲ တစ်တန်းတည်း သွားမှ ပိုလှမယ့် ပုံစံဖြစ်နေလို့ပါ။
Shirt တွေကလည်း V Shape သွားတာမို့ ရင်သားသေးသူ ပျိုမေတို့အတွက် လိုက်ဖက်ပါတယ်။ အထဲက Lace Bralette တွေနဲ့ လိုက်ဖက်ပါတယ်။ ရင်ဘတ်အကျယ် ဖွင့်ဝတ်ထားရင်လည်း အမြင်ရိုင်းတယ်လို့ မထင်ရစေပါဘူး။ ကိုယ့်ရင်ဘတ်ကို ကြည့်ပြီး နှာဘူးကျသူတွေရန်က တစ်ခါတည်း ကာကွယ်ရာ ရောက်ပါတယ်။
၄။ Sexy ကျတဲ့ အဝတ်အစားတွေ
အနောက်တိုင်း နိုင်ငံတွေမှာ ရင်ဘတ်သေးတဲ့ ပျိုမေတွေဆိုရင် Bra တစ်မျိုးတည်း ဝတ်ပြီး Slay သူတွေတောင် ရှိပါတယ်။ ဒီတော့ သင့်အနေနဲ့လည်း Sexy ကျတဲ့ အဝတ်အစားတွေကို စိတ်ကသိကအောင့် မဖြစ်ဘဲ အေးအေးဆေးဆေး ဝတ်နိုင်ပါတယ်။
၅။ ရှေ့အဖောင်းပါတဲ့ အဝတ်အစားတွေ
ရှေ့ဘက် အတွန့်လေးတွေ ပါတဲ့အဝတ်အစားတွေက ကိုယ့်ရင်ဘတ်ကို Volume ပေးနိုင်တာမို့ ရင်သားသေးသူတွေနဲ့ သင့်တော်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar