ခါးနာတာက အခန့်မသင့်ရင် ဖြစ်တတ်သလို၊ ဒဏ်ဖြစ်ပြီး အချိန်အတော်ကြာ ခါးနာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း သင်ကိုယ်တိုင်တောင် ဘာလုပ်မိလို့ ခါးနာနေလဲဆိုတာကို မသိပါဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း ဆင်ခြင်လို့ရအောင် သင်သတိမထားပဲလုပ်မိနေတဲ့ ခါးနားစေသောအကြောင်းအရင်းတချို့ကို ပြောပြပေးလိုက်ပါတယ်။

ဒေါက်ဖိနပ်အမြဲစီးခြင်း

ဒေါက်ဖိနပ်အမြဲစီးရင် ခါးနာတယ်ဆိုတာတော့ လူတိုင်းလိုလိုသိပါတယ်။ ဒါပေမယ့် စီးလေ့သိပ်မရှိတဲ့သူတွေဆိုရင် ဒေါက်ဖိနပ်စီးတာနဲ့ကို အချိန်နည်းနည်းကြာတာနဲ့ ခါးနာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Stress များခြင်း

Stress တွေများရင် ခန္ဓာကိုယ်က ကြွက်သားတွေတင်းပြီး လည်ပင်းနာတာ၊ ဇတ်ကြောတွေတင်းပြီးနာတာ၊ ခါးနာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Stress တွေများရင် လေ့ကျင့်ခန်းလေးလုပ်ပြီး လေကောင်းလေသန့်ရှူပါ။ စိတ်ကိုခဏအနားပေးပါ။

ခေါင်းအုံးပုံစံမမှန်ခြင်း

အိပ်တဲ့အခါမှာ အုံးတဲ့ခေါင်းအုံးက ပုံစံမမှန်ရင်၊ ခေါင်းအုံးအရမ်းမြင့်နေတာမျိုးတွေဆို အိပ်စက်ပုံလည်း မှားယွင်းစေတဲ့အတွက် ခါးနာတာ၊ ဇာတ်နာတာမျိုးတွ ဖြစ်လေ့ရှိပါတယ်။

ခါးကုန်းပြီးလုပ်ခြင်း

တစ်ခုခုလုပ်ရတဲ့အခါမှာ ခါးကုန်းပြီးလုပ်ရတာ အချိန်နည်းနည်းကြာလာရင် ခါးအရမ်းနာတတ်ပါတယ်။ ဒါကြောင့် ခါးကုန်းပြီးလုပ်ရတယ်ဆိုရင် ပုံမှာပြထားသလို ခုံပေါ်ခြေထောက်တင်ပြီး ခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့ အလုပ်လုပ်ပေးပါ။

မကြာခဏလှေကားတက်ရခြင်း

လှေကားအတက်အဆင်းလုပ်ပေးတာက ကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့ထဲကိုပဲ ခဏခဏ၊ မကြာခဏ လှေကားအတက်အဆင်း လုပ်နေရမယ်ဆိုရင်တော့ ခါးနာတတ်ပါတယ်။

အိပ်ယာပေါ်မှာစာဖတ်ခြင်း

စာဖတ်ရင် ခုံပေါ်မှာထိုင်ပြီးဖတ်တာက အနေအထားမှန်ပါတယ်။ အိပ်ယာပေါ်မှာ စာဖတ်မယ်ဆိုရင် များသောအားဖြင့် လက်ပြင်ကုန်းကုန်းကြီးဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်အနေအထားမမှန်ပါဘူး။ တော်တော်များများက အိပ်ယာပေါ်မှာစာထိုင်ဖတ်ရင် ခါးကိုအားပြုပြီးထိုင်ကြတဲ့အတွက် ခါးနာစေပါတယ်။

source:www.brightside.me