မော်ဒယ်တွေ၊ နာမည်ကျော် Celebrity တွေရဲ့ အသားအရေတွေကို ကြည့်လိုက်ရင် စိုပြေတောက်ပနေတတ်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းမှာ ပါဝင်ပစ္စည်း ၂ မျိုးပဲ လိုအပ်ပါတယ်။ ဒီပါဝင်ပစ္စည်း နှစ်မျိုးနဲ့ အတူ ရေခဲတစ်မျိုးပဲ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်း နှစ်မျိုးကတော့-
၁။ Green Tea
Photo Source: 100% Pure
Green Tea ရဲ့ အသားအရေ အတွက် အကျိုးကျေးဇူးတွေကတော့ အသားအရေ ယားယံတာ၊ ယောင်ယမ်း နီမြန်းတာတွေကို သက်သာစေပါတယ်။ နေလောင်ဒဏ်ကိုပါ သက်သာလျော့ပါးစေပါတယ်။ ဒါ့အပြင် အသားအရေကို နုပျိုစိုပြေစေပါတယ်။
၂။ သခွားသီး
Photo Source: Healthline
သခွားသီးက ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေနဲ့ သင့်တော်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
ပြုလုပ်ပုံ
Green Tea နဲ့ သခွားသီးကို Blender နဲ့ ရောကျိတ်ပေးရပါမယ်။ ပြီးနောက် ရေခဲ ပုံစံခွက်တွေထဲ ထည့်ပေးရပါမယ်။ ထည့်ပြီးနောက်မှာတော့ ရေခဲသေတ္တာ Freezer ထဲ ထည့်ပြီး ရေခဲအတုံးလေးတွေ ရအောင် ထားပေးရပါမယ်။
Photo Source: Indian Makeup and beauty blog rating
သခွားသီး Green Tea Ice ရဲ့ အကျိုးကျေးဇူးတွေက
- ချွေးပေါက်ကျဉ်းစေပါတယ်။
- မျက်နှာဖောင်းတာကို သက်သာစေပါတယ်။
- ယောင်ယမ်းခြင်းကို လျှော့ချပေးပြီး Anti-Aging အာနိသင် ပိုင်ဆိုင်စေပါတယ်။
ရလာတဲ့ ရေခဲတုံးကို မျက်နှာပေါ် ၁ မိနစ်ခန့် ပွတ်ပေးရပါမယ်။ ကျန်တဲ့ ရေခဲတုံးတွေကို နောက်နေ့ လိုသလို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ စိုပြေတောက်ပတဲ့ Glow Skin ကို ပိုင်ဆိုင်လာစေမှာပါ။
By MyStyle Myanmar