Jean တွေဟာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အသုံးများဆုံး အထည်အမျိုးအစားပါပဲ။ ဝတ်လို့ကောင်းပြိး သက်တောင့်သက်သာ ရှိသလောက် အကြမ်းခံမှုမြင့်မားတာကြောင့် Jean ထည်တွေဟာ ယောင်္ကျားတွေအကြိုက် ရွေးချယ်စရာဖြစ်ခဲ့ပါတယ်။
ဒီနေ့အထိလည်း Jean ဖက်ရှင်ကို စွဲလမ်းနေတဲ့ အမျိုးသားထုကြီး ရှိနေဆဲပါ။ ဒီတော့ Jean brands တွေထဲမှာမှ အကောင်းဆုံးလို့ညွှန်းကြတဲ့ အမှတ်တံဆိပ် ၅ မျိးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
(၁) Levi’s
Photo : Incountryvalueoman.net
၁၈၅၃ ခုနှစ်က စပြီး တည်ထောင်ခဲ့တဲ့ ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပြီး Jeans ထည်တွေထဲက ပထမဆုံး Pioneer လို့တောင် ပြောစမှတ်ပြုရတဲ့ Brand ပါ။ ကမ္ဘာ့အကြီးဆုံး အထည်ကုမ္ဗဏီကြီးတွေထဲက တစ်ခု ဖြစ်ပြီး အမျိုးသားတွေရဲ့ အဝတ်ဗီရိုမှာ Levi’s တစ်ထည်မှ မပါရင် မပြည့်စုံဘူးလို့တောင် ပြောကြတဲ့ စကားရှိပါတယ်။
(၂) Hugo Boss
Photo : The Business of Fashion
တန်ဖိုးကြီးဖက်ရှင် အမှတ်တံဆိပ် Hugo Boss ကနေ အမျိုးသားဝတ်အဖြစ် အရည်အသွေးမြင့်မြင့်နဲ့ထုတ်ထားတာပါ။ သူကတော့ ပွဲတက်နိုင်တဲ့ ဖက်ရှင်အဖြစ်ပါ သုံးနိုင်ပြီး သက်တောင့်သက်သာ ရှိလို့Casual ဝတ်စုံအနေနဲ့ရုံးပိတ်ရက် အပြင်ထွက်လည်ချိန်မှာလည်း ဝတ်ဖို့ရွေးချယ်သင့်ပါတယ်။
(၃) Gucci
Photo : Ecotextile News
ဖလောရင့်မှာ ၁၉၂၁ ခုနှစ်က စလို့Gucci စတိုးဆိုပြီး ပထမဆုံး ဖွင့်ချိန်က လယ်သာသားရေ ဖက်ရှင်ထည်တွေ အဓိက ထုတ်ပါတယ်။ သက်တမ်းအရင့်ဆုံး အီတလီဖက်ရှင်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ Gucci ကနေ ထုတ်တဲ့ အမျိုးသားဝတ် Jean တွေက ခေတ်ဆန်တယ် ၊ သပ်ရပ်ပေါ့ပါးတယ်။ အဓိကအားဖြင့် ချုပ်ကြောင်းပုံစံက ပညာပါပါတယ်။
(၄) Givenchy
Photo : Aschweitzer.com
Street-style ပိုင်းမှာဆိုရင် ပြင်သစ် Brand ဖြစ်တဲ့ Givenchy က နာမည်ကြီးပါတယ်။ ဈေးကတော့ သူလည်း Gucci တို့Chanel တို့လို တကယ့် Brand ဖြစ်လို့ဈေးမြောက်ပါတယ်။ ၁၉၅၂ ခုနှစ်က ဒီဇိုင်နာ ဟူးဘတ်ဒီဂီဘန်ချီက ထောင်ခဲ့တာပါ။
(၅) Calvin Klein
Photo : Allvins
လူငယ်ဆန်ပြီး ဆန်းသစ်မှူရှိတဲ့ ဂျင်းတွေကို Calvin Klein က ထုတ်ပါတယ်။ တစ်ခြား ဖက်ရှင် ကုမ္ဗဏီတွေလိုပဲ Jean ဘောင်းဘီအပြင် အောက်ခံဘောင်းဘီ ၊ အားကစား ဝတ်စုံ ၊ ရေမွှေး ၊ လက်ပတ်နာရီကနေ ရတနာပစ္စည်းတွေအထိ ထုတ်ပါတယ်။