ပျိုမေလေးတို့ရေ မင်္ဂလာပါနော်၊ အခုတခေါက်ဖတ်ရမဲ့ အကြောင်းအရာလေးကတော့ Midi စကပ်လေးတွေကို ဖက်ရှင်ကျအောင်လို့ ဘယ်လိုအင်္ကျီ၊ ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ရမလဲဆိုတာကို ပြောပြပေးချင်တာပါ။

၁။ မိမိခန္ဓာကိုယ်နဲ့ ကွက်တိကျနေမဲ့ ဂျာကင်လေးရယ် ပြီးတော့ အပွင့်အခက်တွေ အရုပ်တွေ ဘာမှမပါတဲ့ ပြောင်အားကစားဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်မယ်

၂။ သိုးမွေးဆွယ်တာ၊ ချည်သားဆွယ်တာလေးတွေနဲ့ တွဲဝတ်မယ်။ ဖိနပ်ကိုကျတော့ ခြေကျင်းဝတ်ဖုံးတဲ့ဘွတ်ဖိနပ်လေးဝတ်မယ်။

၃။ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်မတပ်ဘဲဝတ်မယ်၊ ပြီးတော့ ကြိုးသိုင်းဖိနပ်လေးနဲ့ဆို ကြည့်ကောင်းမှာ အသေချာပဲ။

၄။ သားရေဂျာကင်လေးနဲ့ တွဲဖက်ဝတ်မယ်။

၅။ ဆွယ်တာကို စကပ်ထဲထည့်ဝတ်မယ်၊ ဘွတ်ဖိနပ်ကတော့ Midi စကပ်တွေနဲ့ အလိုက်ဖက်ဆုံးပဲပေါ့။

၆။ အောက်တစ်ထပ်ကို ရှပ်အင်္ကျီဝတ်ပြီး အပေါ်က ချည်ထည်အကွက်ထပ်ဝတ်မယ်။ ပြီးရင်တော့ အားကစားဖိနပ်လေးဝတ်လိုက်မယ်ဆိုရင်တော့ ပေါ့ပါးတဲ့စတိုင်ကိုရရှိစေမှာပါ။

၇။ ပိုပြီးရှိုးထုတ်ချင်တယ်ဆိုရင်တော့ သားရေဂျာကင်ကိုမှ ဒေါက်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

၈။ ရာသီဥတုအေးနေရင်၊ ဒါမှမဟုတ် လေအေးပေးစက်ခန်းထဲမှာအေးနေမယ်ဆိုရင် ပုဝါလေးပတ်ထားပေးလိုက်ပေါ့နော်။

၉။ မော်ဒယ်တွေလိုဝတ်ချင်တယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ်လေးကိုမှ ပေါ့ပါးတဲ့ဆွယ်တာလေးနဲ့ တွဲဖက်ဝတ်လိုက်ပါနော်။

၁၀။ ခါးတိုအင်္ကျီနဲ့ တွဲဖက်ဝတ်မယ်။

၁၁။ အများနဲ့မတူ တမူထူးခြားတဲ့ စတိုင်လေးဝတ်ချင်တယ်ဆိုရင်တော့ ခြေမျက်စိဖုံးတဲ့ဘွတ်ဖိနပ်ကိုမှ ခြေအိတ်ပေါ်အောင်ဝတ်မယ်၊ ခါးတိုအင်္ကျီတစ်ထပ်ဝတ်ပြီး အင်္ကျီခပ်ပွပွတစ်ထည်ကို ထပ်ဝတ်ပေးမယ်ဆိုရင်တော့ မလန်းမှာမပူနဲ့တော့ကွယ်။

၁၂။ ရှပ်အင်္ကျီအပျော့သားကိုမှ ပန်းပွင့်ပါတဲ့ Midi စကပ်နဲ့တွဲဝတ်ပေးရင် မိန်းကလေးဆန်တဲ့ပုံကိုရရှိမှာပါ။

၁၃။ အင်္ကျီခါးတို အစင်းကျားလေးနဲ့ တွဲဝတ်မယ်

၁၄။ ဆွယ်တာပွပွလေးကိုမှ ဖိနပ်အပါးနဲ့တွဲဝတ်မယ်

၁၅။ ရာသီဥတုအရမ်းပူတဲ့နေ့မျိုးဆိုရင် အဖြူရောင်တီရှပ်ဝတ်မယ်၊ ဘွတ်ဖိနပ်အစား ကြိုးသိုင်းဖိနပ်လေးဝတ်ပေးမယ်ဆိုရင် လွတ်လပ်ပေါ့ပါးတဲ့စတိုင်ရရှိမှာပါ။

၁၆။ တီရှပ်အဖြူကိုမှ ကြိုက်နှစ်သက်ရာ အားကစားဖိနပ်နဲ့တွဲဝတ်မယ်ဆိုရင်တော့ ထသွားထလာစတိုင်လေးဖြစ်သွားမှာပေါ့နော်။

၁၇။ Midi စကပ်ကိုမှ အပေါ်က ဂျင်းဂျာကင်တွဲဝတ်မယ်

Source: www.gurl.com