နှလုံးကျန်းမာစေဖို့ အထောက်အကူဖြစ်စေတဲ့ ယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ နှလုံးမကောင်းတဲ့သူတွေဆိုလည်း ဒီယောဂကျင့်စဉ်တွေကို ပုံမှန်လုပ်ပေးခြင်းဖြင့် အရင်ထက်ပိုပြီး သက်သာလာစေပါတယ်။ ယောဂကျင့်မယ်ဆိုရင် ယောဂဖျာနဲ့ပဲလုပ်ပေးပါ။

ပထမဆုံးကျင့်စဉ်မှာတော့ ပုံမှာပြထားတဲ့အတိုင်း ယောဂဖျာပေါ်မှာ ခြေထောက်တစ်ဖက်ရှေ့ထုတ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားပါ။ ဆန့်ထုတ်ထားတဲ့လက်တစ်ဖက်က လက်ချောင်း ၂ ချောင်းကို ထောက်ထားတာပါ။ မျက်နှာကိုလည်း အပေါ်မော့ထားဖို့လိုပါတယ်။ အဲ့အတိုင်း ၁ မိနစ်နေပြီး ပုံမှန်အနေအထားအတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၅ ကြိမ် လုပ်ပေးရပါမယ်။

ဒီယောဂကျင့်စဉ်ကျတော့ အကြောပျော့ရင် ပိုပြီးလုပ်လို့ကောင်းပါတယ်။ စစလုပ်တဲ့အချိန်တွေမှာတော့ အကြောတွေတင်းနေတဲ့အတွက် ပုံမှာပြထားသလောက် ဖြစ်မှာမဟုတ်ပါဘူး။ ရသလောက်လုပ်ရင်းနဲ့မှ ကြာရင် လုပ်နိုင်သွားပါလိမ့်မယ်။ ခြေထောက်ကို မကွေးပဲ ဆန့်ထုတ်ထားဖို့ လိုပါတယ်။ လက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ နဖူးကိုလည်း ခြေထောက်နဲ့ထိအောင် Try ကြည့်ပါ။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ၅ မိနစ်လောက်နေပေးပါ။

ယောဂဖျာပေါ်မှာ ခြေထောက်တစ်ဖက်ကိုဆန့်ထုတ်၊ လက်တစ်ဖက်ထောက်ပြီး ထိုင်ပါ။ နောက်ခြေထောက်တစ်ဖက်ကို ဒူးထောင်ပြီး ပုံမှာပြထားတဲ့အတိုင်း ထားပေးပါ။ ထောင်ထားတဲ့ဒူးနားကို လက်တစ်ဖက်ကပ်ပြီး ဆန့်ထုတ်ထားပါ။ မျက်နှာကတော့ အနောက်ဘက်ကို လှည့်နေပေးပါ။ အဲ့အတိုင်း အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပြီး ၅ မိနစ်နေပေးရပါမယ်။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အတိုင်း ထိုင်ပေးပါ။ လက်နှစ်ဖက်ကိုလည်း အနောက်မှာထားပါ။ အဲ့အနေအထားနဲ့နေပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူပြီး ပြန်ထုတ်ပါ။ ၅ မိနစ်လုပ်ပေးရပါမယ်။ အဲ့ထက်ပိုလုပ်ချင်လည်း ရပါတယ်။

နောက်ဆုံးယောဂကျင့်စဉ်ကတော့ ယောဂဖျာပေါ်မှာလှဲပြီး ခေါင်းနဲ့ ခြေဖဝါးက ဖျာမှာထိထားပါ။ လက်နှစ်ဖက်ကို ဖျာမှာကပ်ထားပြီး ဆန့်ထုတ်ထားပါ။ ခန္ဓာကိုယ်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း အပေါ်ကိုကော့ထားပါ။ အဲ့အနေအထားနဲ့ အသက်ကိုရှူသွင်းရှူထုတ် ၈ ကြိမ်လောက်လုပ်ပြီး ခဏနားပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ် (သို့) ၅ ကြိမ် လုပ်ပေးပါ။

source:www.timesofindia.indiatimes.com