လူတစ်ယောက်ရဲ့ ဘဝမှာ ပြောင်းလဲမှု အများဆုံးအရွယ်ဟာ အသက် ၃၀ ဖြစ်ပါတယ်။ အသက် ၃၀ ဟာ အလုပ်အကိုင်တစ်ခုခုမှာ အခြေမြဲနေတဲ့ အချိန်လည်း ဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရလည်း လူကြီးတစ်ယောက်အဖြစ် ပီပီပြင်ပြင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အသက် ၃၀ ပြည့်သွားတဲ့ အမျိုးသားတစ်ယောက်ဟာ အခုပြောမယ့် အချက်တွေ ဆက်မလုပ်သင့်တော့ပါဘူး။
(၁) ကိုယ်ယုံကြည်တာအတွက် ရင်မဆိုင်တာ
Photo: Freepik
ငယ်ငယ်တုန်းက ကိုယ်သိပ်လုပ်ချင်ခဲ့တဲ့ အရာတွေကို မိဘကြောင့် ဖြစ်စေ ၊ တစ်ခြား အခြေအနေတွေကြောင့် ဖြစ်စေ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် အသက် ၃၀ အရွယ်မှာ ကိုယ်ပိုင်ဘဝပုံစံကို စပြီး အကောင်အထည်ဖော်သင့်ပါတယ်။ ဒီအချိန်က စပြီး ကိုယ်လုပ်သမျှဟာ ကိုယ့်နာမည်နဲ့ ကိုယ့်ရဲ့ အမှတ်လက္ခဏာအဖြစ် လူတွေက သတ်မှတ်သွားတော့မှာ ဖြစ်ပါတယ်။
ဟဲဗီးဝိတ်ချန်ပီယံနဲ့ EverybodyFights လက်ဝှေ့ကလပ်တည်ထောင်သူ ဂျော့ချ်ဖိုးမန်း ၃ ရဲ့ စကားရှိပါတယ်။ “ကိုယ်ယုံကြည်ထားတဲ့ အရာအတွက် တိုက်ခိုက်မှု မလုပ်ခြင်းဟာ လက်လျှော့အရှုံးပေးတာနဲ့ အတူတူပါပဲ” တဲ့။
(၂) ကိုယ့် Type မဟုတ်တဲ့ သူကို ဆက်ချစ်နေမိတာ
Photo: Freepik
ကိုယ်ချစ်မိတဲ့သူက ကိုယ့်ဘဝအတွက် အံမဝင်တဲ့သူ ဖြစ်တယ်ဆိုရင် အသက် ၃၀ က စပြီး ချန်ထားခဲ့ပါတော့။ ကောင်မလေးတစ်ယောက်ကြောင့် အသည်းကွဲတယ်ဆိုတာ အသက် ၃၀ မှာ ကြားလို့ မကောင်းတဲ့ အရာ ဖြစ်သွားပါပြီ။ ဒီအချိန်က စပြီး မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရင့်ကျက်တဲ့ လူနေမှုပုံစံကို ပြောင်းရတော့မှာပါ။
(၃) ကျန်းမာရေးကို အရင်လိုပဲ ဂရုမစိုက်ဘဲ နေမိတာ
Photo: Freepik
“အသက်သွေးခဲ အမြဲမရှိ” ဆိုတဲ့ စကားရှိပါတယ်။ အခု မာချာနေပေမယ့် ကျန်းမာအောင် မနေရင် မကြာခင် တဲအိုပျက်ကြီး လေတိုက်သလို ယိမ်းယိုင်ပြိုလဲသွားနိုင်တယ်ဆိုတာ သတိရှိပါစေ။ အသောက်အစားနဲ့ အပျော်အပါးတွေ လျှော့ ၊ အားကစားလုပ်ပြီး ကျန်းမာရေး လိုက်စားပါ။ အသက်ကြီးလာလေလေ ကျန်းမာခြင်းဟာ သိပ်ကို အရသာရှိမှန်း သိလာလေလေ ဖြစ်မှာပါ။
(၄) အောင်မြင်ဖို့ အသက်ငယ်သေးတယ်လို့ ထင်နေတာ
Photo: Freepik
ချမ်းသာဖို့ ၊ အောင်မြင် ကျော်ကြားဖို့ ကိုယ့်အသက်က ငယ်သေးတယ်လို့များ မတွေးလိုက်ပါနဲ့။ ကိုယ့်ဘဝကို အသက် ၁၀၀ နဲ့ တွက်ပြီး ရှေ့မှာ အဝေးကြီး ရှိသေးတာပဲလို့ မယုံမှတ်လိုက်ပါနဲ့။ အခုချိန်မှာ အောင်မြင်မှု မရသေးရင် ဒါမှမဟုတ် အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်မလာသေးရင် အတော်ကြီး နောက်ကျသွားပါလိမ့်မယ်။
(၅) ဘဝမှာ ပေါ့ပေါ့တန်တန် နေနေတာ
Photo: Freepik
ကိုယ်ရထားတဲ့ ဘဝက တန်ဖိုးကြီးပါတယ်။ ထိုက်တန်အောင် နေထိုင်ပါ။ ဘဝမှာ ကိုယ့်နာမည် ဂုဏ်သတင်းကို မျိုးရိုးစဉ်ဆက် မွှေးပျံ့အောင် လက်ဆင့်ကမ်းနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားပါ။ ကိုယ်နေထိုင်ရာ လောကကြီးအတွက် အဖိုးတန်လူသားတစ်ယောက် ၊ ဘဝကို ပြည့်ပြည့်ဝဝ ရှင်သန်နေထိုင်သွားသူတစ်ယောက်အဖြစ် စိတ်ချကျေနပ်အောင် နေပါ။ ပေါ့တီးပေါ့တန် နေပြီး တန်ဖိုးကြီးမားတဲ့ အချိန်နဲ့ စွမ်းအင်တွေ မဖြုန်းတီးလိုက်ပါနဲ့။