ချစ်သူစုံတွဲတိုင်းမှာတော့ အဆင်မပြေတာတွေက ရှိနေကျပါ။ တကယ်ချစ်တဲ့စုံတွဲတွေဆိုရင် အချိန်တန်ရင် ပြန်ပြေလည်သွားတာပါပဲ။

ဒါကြောင့် ချစ်သူနဲ့အဆင်မပြေတဲ့အချိန်တွေမှာ စိတ်ညစ်နေမယ့်အစား ကိုယ့်စိတ်ပျော်ရွှင်မှုလေးရအောင် ပြုလုပ်နိုင်မယ့်အရာ (၇) ခုကို ပြောပြပေးလိုက်ပါတယ်။

မုန့်သွားစားပါ။

Source:Love Belfast

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ကိုယ်စားချင်တာမှန်သမျှ အကုန်လျှောက်စားပါ။ ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာလည်း ဈေးပတ်ပြီးမုန့်တွေလျှောက်စားပါ..။ ဒီလိုလုပ်ပေးခြင်းက စိတ်ကိုပျော်ရွှင်စေပါတယ်။

ဓာတ်ပုံရိုက်ပါ။

Source:Freepik

ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီနေရာတွေကို သူငယ်ချင်းတွေနဲ့သွားပြီး ဓာတ်ပုံတွေတဝကြီးရိုက်ပစ်ပါ။ ဓာတ်ပုံကောင်းကောင်းလေးထွက်လာရင် ပျော်ရွှင်ရတာလည်း ကျေနပ်စရာကောင်းပါတယ်။

သီချင်းသွားဆိုပါ။

ချစ်သူနဲ့အဆင်မပြေရင် ကာရာအိုကေတွေ Music Box တွေသွားပြီး သီချင်းတွေအော်ဆိုလိုက်ပါ။ ညစ်နေတာတွေ အကုန်ပျောက်သွားအောင်၊ ရင်ထဲပေါ့သွားအောင် သူငယ်ချင်းတွေနဲ့ သီချင်းတွေအော်ဆိုပြီး ကခုန်လိုက်ပါ။

ဟာသကားတွေကြည့်ပါ။

Source:Philnews.ph

စိတ်ညစ်တဲ့အချိန်မှာ ဟာသကားတွေကြည့်တာ အကောင်းဆုံးပါပဲ။ သူငယ်ချင်းနဲ့အတူ ရုပ်ရှင်ရုံမှာတင်တဲ့ ဟာသကားတွေသွားကြည့်ပြီး မုန့်စားလိုက် ရယ်လိုက်နဲ့ နေပါ။ အိမ်မှာလည်း မုန့်တွေစားရင်း ဟာသကားတွေ ထိုင်ကြည့်လို့ရပါသေးတယ်။

Shopping ထွက်ပါ။

Source:TheNational

Shopping ထွက်ရတာကို ဝါသနာမပါတဲ့သူကတော့ မရှိလောက်ပါဘူး။ စိတ်ညစ်တာတွေပြေပျောက်ဖို့ Shopping ထွက်ပြီး ကိုယ်လိုချင်တာတွေအကုန်ဝယ်ပစ်ပါ။

Spa သွားပါ။

Source:Freepik

Spa သွားပြီး အနှိပ်ခံလိုက်တာပဲဖြစ်ဖြစ်၊ ပေါင်းတင်လိုက်တာပဲဖြစ်ဖြစ်လုပ်ပါ။ ခြေသည်း၊ လက်သည်းလေးတွေလည်း ပုံဖော်လိုက်ပါ။ စိတ်ရှုပ်ရင် ဆံပင်ပုံတောင်ပြောင်းပစ်လို့ရပါသေးတယ်။

ဒီအချက်လေးတွေကိုသာလုပ်လိုက်ရင် ချစ်သူနဲ့အဆင်မပြေတာတွေကိုတောင် မေ့နေပြီး စိတ်ပျော်ရွှင်ရပါလိမ့်မယ်။