တော်တော်များများက ဝက်ခြံမထွက်ရင်တောင် အဆီဖုတော့ထွက်ကြပါတယ်။ ဒီလိုအဆီဖုထွက်တာက ကိုယ့်နေထိုင်မှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာရှိနေတဲ့အဆီဖုတွေ သက်သာသွားအောင် ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Cleansing

မျက်နှာကို cleansing သေချာမလုပ်ရင်လည်း အဆီဖုတွေထွက်လာတတ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ဆေးနဲ့ မျက်နှာကို တစ်နေ့ ၂ ကြိမ်သစ်ပါ။ ညဘက်ဆိုရင် makeup remover နဲ့ မျက်နှာကိုသန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ ထပ်သစ်ပါ။

မိတ်ကပ်တွေကိုသေချာဖျက်ပါ

မိတ်ကပ်မဖျက်ပဲ အိပ်မိတာမျိုး မဖြစ်ပါစေနဲ့။ မိတ်ကပ်လိမ်းထားရင် မိတ်ကပ်တွေကို သေချာစင်အောင်ဖျက်ပါ။ မျက်နှာပေါ်မှာ မိတ်ကပ်က ကြာကြာမထားလေ ကောင်းလေပါပဲ။

Exfoliate

မျက်နှာကို တစ်ပတ်တစ်ခါ Exfoliate ပုံမှန်လုပ်ပေးတာက မျက်နှာမှာရှိတဲ့အဆီဖုတွေ သက်သာစေပါတယ်။ မျက်နှာအသားအရေလည်း ကြည်စေပါတယ်။

လက်နဲ့မကလိပါနဲ့

ဝက်ခြံပဲဖြစ်ဖြစ်၊ အဆီဖုကိုပဲဖြစ်ဖြစ် လက်နဲ့မကလိပါနဲ့။ လက်နဲ့ကလိရင် အမဲစက်၊ အမာရွတ်တွေကျန်ပါတယ်။ ပိုလည်းပွားလာတတ်ပါတယ်။

ခေါင်းအုံးစွပ်တွေလဲပေးပါ

ခေါင်းအုံးစွပ်မလဲရင် မျက်နှာမှာ ဝက်ခြံထက် အဆီဖုတွေပိုပေါက်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါ လဲပေးပါ။