Growth ဟော်မှုန်းတွေက ဆဲလ်တွေ ကြီးထွားဖို့၊ ဆဲလ်တွေ ထုတ်လုပ်ဖို့နဲ့ အရွယ်တင်နုပျိုဖို့အတွက် ကူညီပေးပါတယ်။ ဒါကြောင့် ဒီလို ဟော်မုန်းဓာတ်တွေကို ထိန်းညှိနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။
သကြား နည်းနည်းပဲ စားပါ
သွေးအတွင်းမှာ အချိုဓာတ်မြင့်လေလေ Growth ဟော်မှုန်းတွေရဲ့ အဆင့်တွေကို ကျဆင်းစေပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတွေမှာ Growth ဟော်မှုန်းဓာတ်တွေကျဆင်းနေတတ်ပါတယ်။
ဒါကြောင့် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ ပရိုတင်းဓာတ်များတဲ့ အစားအစာများ၊ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို အဓိကထား စားသုံးပါ။
အိပ်ရေး ၀၀ အိပ်ပါ
တစ်နေ့ကို အနှောင့်အယှက်ကင်းကင်းနဲ့ ၈ နာရီလောက် အိပ်ပါ။ သင်အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ဟော်မှုန်းဓာတ်တွေ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရင် ခဏခဏ နိုးနေရင် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဟော်မှုန်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ပါဘူး။
စိတ်ဖိစီးမှုကို လျှော့ချပါ
Source: SpineUniverse
စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ Growth Hormone နည်းနေရင် စိတ်ဖိစီးမှုများတဲ့ ဟော်မှုန်းက တက်လာလေလေပါဘဲ။ ဒါကြောင့် စိတ်ဖိစီးမှုကို ကိုယ်အတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ လျှော့ချပါ။
လေ့ကျင့်ခန်းလုပ်ပါ
Source: SpineUniverse
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှု ဟော်မှုန်းကို အမြှင့်တင်နိုင်ဆုံး နည်းလမ်းပါဘဲ။ အားကစားပြင်းပြင်းထန်ထန်လုပ်လေလေ Growth ဟော်မှုန်းတွေက တက်လေလေဖြစ်တာကြောင့် လေ့ကျင့်ခန်းလိုက်စားတဲ့သူတွေဟာ ကျန်းမာရေးကောင်းပြီး ရုပ်နုကြတာပါ။
အမိုင်နိုအက်ဆစ် များများစားပါ
နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်က သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး Growth ဟော်မှုန်းဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမဲသား၊ ကြက်သားနဲ့ငါးတွေမှာ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်။