Selfie ဆွဲတတ်တဲ့ ပျိုမေလေးတွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်ဆိုတာမျိုးတွေက မလိုအပ်လှပါဘူး။ လှတဲ့နေရာရောက်တဲ့အခါကျမှ Selfie ဆွဲတာမျိုးမဟုတ်ဘဲ ကိုယ့်အိမ်မှာရှိတဲ့မှန်လေးတွေနဲ့ဖြစ်ဖြစ် အပြင်သွားရင်း ဝတ်ကောင်းစားလှလေးတွေ ဝတ်ထားတဲ့အချိန် မှန်တွေ့ရင်း Mirror Selfie ဆွဲတာမျိုးလေးတွေလည်း လုပ်လို့ရပါတယ်။

မှန်ရှေ့မှာ Selfie ဆွဲမယ့်အခါကျရင်လည်း တောင့်တောင့်ကြီး မတ်တပ်ရပ်ပြီး ရိုက်တာမျိုးထက် သဘာဝကျကျလေး ဟန်လုပ်ပြီးတော့ ဆယ်လ်ဖီဆွဲတာမျိုးလေးတွေက ပိုပြီးကြည့်လို့ကောင်းတာမို့ လေ့လာထားသင့်ပါတယ်။

အိမ်မှာနေရင်း ပျင်းတဲ့အခါဖြစ်ဖြစ် အပြင်သွားရင်း ဆယ်လ်ဖီဆွဲချင်စိတ်ပေါ်လာတဲ့အခါပဲဖြစ်ဖြစ် အမှတ်တရ သိမ်းထားနိုင်မယ့် Mirror Selfie အတွက် ပို့စ်ပေးနည်းလေးတွေကို အခုပဲကြည့်လိုက်ရအောင်ပါ။