လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်ရင် စိတ်သက်သာရာရသလို ကိုယ့်အတွက်လည်း အဆင်ပြေပါတယ်။ လူတွေနဲ့အဆင်မပြေဘူး၊ မတည့်ဘူးဆိုတာလည်း ကိုယ်ကိုတိုင်နဲ့ပဲ အများဆုံးသက်ဆိုင်ပါတယ်။ လူမှုဆက်ဆံရေးကောင်းရင် အရာရာအဆင်ပြေပါတယ်။ ဒါကြောင့် သိပ်ပြီးမပေါင်းသင်းတတ်တဲ့သူတွေအတွက် လူတိုင်းနဲ့အဆင်ပြေစေမယ့် နည်းလမ်း ၅ သွယ်ကို ပြောပြပေးလိုက်ပါတယ်။
လိုတာထက်ပိုမပြောပါနဲ့
စကားကိုလိုတာထက်ပိုပြီး အများကြီးပြောနေရင် အမှားတွေပါတတ်ပါတယ်။ စကားပြောတော့မယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား စဉ်းစားသင့်ပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်လို့ လူအမြင်ကပ်စရာဖြစ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စကားပြောဆင်ခြင်ပြီး လိုတာထက်ပိုမပြောတာ အကောင်းဆုံးပါပဲ။
မျက်နှာချိုတဲ့သူတစ်ယောက်ဖြစ်ပါစေ
ဘယ်အချိန်ကြည့်ကြည့် မျက်နှာပြုံးချိုနေတဲ့သူကို လူတိုင်းကခင်ချင်ပါတယ်။ သဘောကျကြပါတယ်။ မျက်နှာကြီးအမြဲဆူပုပ်နေရင် လူအမြင်ကပ်စရာဖြစ်စေပါတယ်။ လူမှုဆက်ဆံရေးကောင်းပြီး လူတိုင်းနဲ့ အဆင်ပြေစေဖို့ မျက်နှာပြုံးချိုနေဖို့ကလည်း အရေးကြီးပါတယ်။
သူများအကြောင်းသိပ်မပြောပါနဲ့
သူများအကြောင်းပြောလွန်းရင်လည်း လူအမြင်ကပ်စရာဖြစ်စေပါတယ်။ အရမ်းခင်နေတဲ့ bff တွေကလွဲလို့ ကျန်တဲ့သူတွေနဲ့ သူများအကြောင်းပြောလွန်းတာမျိုး၊ အတင်းပြောတာမျိုး၊ သူများအကြောင်း အရမ်းစိတ်ဝင်စားတာ၊ စပ်စုတာမျိုးတွေ မလုပ်ပါနဲ့။
စကားဖြတ်မပြောပါနဲ့
တစ်ဖက်လူစကားပြောရင် သူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ သူများပြောလို့မပြီးသေးပဲ ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ်ပြောချင်ရင်တောင် သူများပြောတာအရင်နားထောင်ပြီး အားလုံးပြီးမှသာ ကိုယ်ပြောချင်တာကိုပြောပါ။ စကားဖြတ်ပြောတာက လူအမြင်ကပ်စရာဖြစ်သလို၊ ရိုင်းလည်းရိုင်းပါတယ်။
ရေလိုက်ငါးလိုက်နေပါ
ရေလိုက်ငါးလိုက်နေတတ်တဲ့သူက လူတိုင်းနဲ့အဆင်ပြေပါတယ်။ သူများပြောသမျှကို အရမ်းလိုက်တွေးပြီး ခံစားမနေပါနဲ့။ စိတ်ထဲထားနေရင် ကိုယ်ပဲစိတ်ရှုပ်ရပါတယ်။ စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးပဲနေပါ။ အမြင်ကပ်တဲ့သူပဲဖြစ်ဖြစ်၊ ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ မကောင်းတဲ့သူပဲဖြစ်ဖြစ် ရေလိုက်ငါးလိုက်သာနေပါ။
photo source:www.freepik.com