K Drama ကြိုက်တဲ့သူတွေနဲ့ ပျင်းတဲ့အချိန်မှာ Chills & Thrills လုပ်ချင်တဲ့သူတွေအတွက် ကြည့်လို့ကောင်းတဲ့ ကိုရီးယား Vampire/Zombie Drama (၅) ခုကို မျှဝေပေးလိုက်ပါတယ်။ ကြည့်ပြီးသားတွေလည်း ပါနိုင်ပါတယ်။ ဒါပေမယ့် ကြည့်ပြီးသားဖြစ်နေရင်တောင် ပြန်ကြည့်လို့ကောင်းတဲ့ Drama တွေပါ။

“Kingdom”

“Kingdom” ကတော့ ကြည့်ပြီးသားသူတွေလည်း များသလို၊ မကြည့်ရသေးတဲ့သူတွေလည်း ရှိပါသေးတယ်။ နန်းတွင်း Zombie ကားဖြစ်တာကြောင့် ကြည့်ရတာ တစ်မူထူးခြားစေပါတယ်။ ပြေးပြီးလိုက်တာတွေကလည်း ကြည့်ရတာ သဲထိပ်ရင်ဖိုဖြစ်စရာ ကောင်းပါတယ်။ ကြည့်ပြီးရင်တောင် ပြန်ကြည့်သင့်တဲ့ထဲမှာ ပါပါတယ်။

“Zombie Detective”

“Zombie Detective” ကတော့ 2020 မှထွက်ထားတာဆိုတော့ သိပ်မကြာသေးပါဘူး။ ကြည့်ပြီးသားသူတွေလည်း ရှိသလို မကြည့်ရသေးတဲ့သူတွေလည်း ရှိပါတယ်။ သူကတော့ ကြောက်ဖို့ကောင်းတာထက် အသဲယားဖို့ကောင်းပြီး ရယ်ရတဲ့အခန်းလေးတွေပါတာကြောင့် ကြည့်လို့ကောင်းပါတယ်။

“Vampire Detective”

“Vampire Detective” ကျတော့ 2016 ထဲကမို့ မကြည့်ရသေးတဲ့သူများပါတယ်။ သူက Vampire စုံထောက်ဇာတ်လမ်းပါ။ အမှုတစ်ခုကိုလိုက်ရင်းနဲ့ Vampire ဖြစ်သွားတဲ့မင်းသားတစ်ယောက် နောက်ဆက်တွဲ Vampire အနေနဲ့ သူ့ရဲ့အလုပ်ဖြစ်တဲ့ အမှုလိုက်တာတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ကြည့်ရမှာပါ။

“Train to Busan”

“Train to Busan” ဆိုတာကတော့ ပြောနေစရာတောင်မလိုပါဘူး။ မကြည့်ရသေးတဲ့သူ မရှိသလောက်ရှားပါတယ်။ ကြည့်ပြီးသားဖြစ်နေလည်း ပြန်ကြည့်လို့ကောင်းတဲ့ drama ပါ။

“The Sweet Blood”

“The Sweet Blood” ကတော့ လူငယ်ဆန်တဲ့ Webtoon Vampire drama မျိုးပါ။ လူသားအမေနဲ့ Vampire အဖေတို့ကနေမွှေးထားလို့ Vampire သွေးတစ်ဝက်ပါနေတဲ့ ကောင်မလေး Yeon Seo နဲ့ သူမကို crush နေတဲ့ကောင်လေး Meo Roo တို့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါပေမယ့် ဒီ Drama က BL ပုံစံမျိုးလည်း နည်းနည်းဖြစ်နေတာကြောင့် K Drama လား BL ဆိုပြီး ဝေဖန်မှုတွေလည်း ရှိပါတယ်။

source:www.soompi.com