မိန်းကလေးတိုင်းလိုက်ဝတ်လို့ရတဲ့ ထိုင်မင်းသမီးလေး Baifern ရဲ့ ရိုးရှင်းတဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ Baifern ရဲ့ fan တွေဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို အရမ်းသဘောကျမှာ သေချာပါတယ်။

ရှပ်အင်္ကျီလက်တိုလေးကို Baifern ဝတ်ထားသလို ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ freestyle လေးဖြစ်ပြီး အရမ်းကိုပေါ့ပါးတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ချစ်စရာကောင်းတဲ့ off shoulder လေးတွေကိုဝတ်မယ်ဆိုရင် ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းအောင် ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့သာ တွဲဝတ်ပါ။

Baifern ဝတ်ထားသလိုစကပ်လေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုစကပ်လေးတွေကိုဝတ်မယ်ဆိုရင် ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး ကိုယ်ကျပ်အင်္ကျီအနက်ရောင်လေးတွေ၊ အဖြူရောင်လေးတွေနဲ့သာ တွဲဝတ်ပါ။

Baifern ဝတ်ထားသလို ဒူးဖုံးဂါဝန်အရှည်လေးတွေဆိုရင် မိန်းကလေးဆန်ပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ပိုပြီးချစ်ဖို့ကောင်းချင်ရင် sneakers တွေသာစီးပါ။

Flannel shirt လေးတွေကို ဒီလိုမျိုးဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ဆန်ပြီး ဝတ်ရတာပေါ့ပါးမှုရှိစေပါတယ်။

Baifern ဝတ်ထားတဲ့ ဒီဖက်ရှင်လေးဆိုရင် လုံးဝရိုးရှင်းပြီး ပေါ့ပါးတဲ့စတိုင်လ်မျိုးလေးပါ။ ခရီးတွေသွားတဲ့အခါမျိုးမှာလည်း ဝတ်လို့ကောင်းတဲ့ဖက်ရှင်ပါပဲ။

Skinny jeans တွေကိုဝတ်မယ်ဆိုရင် ရှပ်အင်္ကျီအမဲလေးနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်အမဲလေးစီးတာက အရမ်းစမတ်ကျပြီး လှပါတယ်။ ရိုးရိုးလေးနဲ့ကို စမတ်ကျတဲ့ဖက်ရှင်မျိုးပါ။

ရှပ်အင်္ကျီလက်တိုလေးတွေကို Baifern ဝတ်ထားသလို style pants လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ဒီဖက်ရှင်ဆိုရင် ရုံသွားတဲ့အခါမျိုးမှာ ဝတ်လို့ကောင်းတဲ့ဖက်ရှင်လေးပါ။

Baifern ရဲ့ ဒီဖက်ရှင်လေးဆိုရင်တော့ လုံးဝကို freestyle ပါပဲ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေဝတ်သင့်တဲ့ ဖက်ရှင်မျိုးပါ။

ကြိုးတစ်လုံးလေးတွေကို တော်တော်များများက ဂျင်းဘောင်းဘီတွေနဲ့ပဲ တွဲဝတ်တာများပါတယ်။ ဒီမှာတော့ Baifern က style pants လေးနဲ့ တွဲဝတ်ထားပါတယ်။ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးဖြစ်သွားစေပါတယ်။

ရှပ်အင်္ကျီအပွကြီးတွေကိုဝတ်တဲ့အခါမှာ ဂျင်းဘောင်းဘီအကျပ်လေးတွေ၊ ဘောင်းဘီအဖြူအကျပ်လေးတွေနဲ့ တွဲဝတ်ပြီး sneakers အဖြူလေးသာစီးပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျစေပါတယ်။

photo source:www.pinterest.com