မျက်ခုံးမွှေးထူချင်တဲ့သူတွေနဲ့ မျက်ခုံးမွှေးမရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာရှိတဲ့ပစ္စည်း ၄ မျိုးနဲ့ မျက်ခုံးမွှေးထူလာအောင်လုပ်လို့ရတဲ့ နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကိုရွေးပြီး ပြုလုပ်နိုင်ပါတယ်။ သေချာစွဲလုပ်ပေးရင်တော့ အချိန်ကြာရင် သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။ စိတ်ရှည်ဖို့နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။
အုန်းဆီ
အုန်းဆီမှာက vitamin E အပြည့်အဝပါဝင်လို့ hair တွေသန်စွမ်းဖို့ အရမ်းအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်ခုံးမွှေးကို အုန်းဆီလိမ်းပေးပါ။ ဒါဆိုရင်တော့ မျက်ခုံးမွှေးက တစ်ဖြေးဖြေးနဲ့ထူလာပါလိမ့်မယ်။
သံလွင်ဆီ
သံလွင်ဆီမှာက vitamin E နဲ့ Vitamin A များစွာပါဝင်လို့ hair တွေသန်စွမ်းစေဖို့ အထောက်အကူပိုဖြစ်စေပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးပေါက်ချင်ရင်၊ မျက်ခုံးမွှေးထူချင်ရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်ခုံးမွှေးကို သံလွင်ဆီစစ်စစ်သာ လိမ်းပေးပါ။
ကြက်သွန်နီအရည်
ကြက်သွန်နီအရည်မှာက vitamins B နဲ့ vitamins C တွေပြည့်ဝစွာပါဝင်လို့ သူလည်း hair တွေသန်စွမ်းစေဖို့ ကူညီပေးပါတယ်။ မျက်ခုံးမွှေးမြန်မြန်ပေါက်အောင်လည်း ကူညီပေးပါသေးတယ်။ ဒါကြောင့် မျက်ခုံးမွှေးမြန်မြန်ပေါက်ချင်ရင်၊ ထူချင်ရင် ကြက်သွန်နီကို အရည်ရအောင်ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ မျက်ခုံးမွှေးမှာလိမ်းပေးပါ။
ကြက်ဥအနှစ်
ကြက်ဥအနှစ်မှာက protein ဓာတ်ကြွယ်ဝစွာပါဝင်လို့ hair တွေသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။ အနံ့ကတော့ညှီပေမယ့် မျက်ခုံးးမွှေးထူဖို့ အထောက်အကူအများကြီး ဖြစ်စေတာကြောင့် လုပ်ချင်ရင်တော့ တစ်နေ့တစ်ကြိမ် လုပ်ပေးပါ။ ကြက်ဥအနှစ်ကိုယူပြီး မျက်ခုံးမွှေးမှာ လိမ်းပေးရမှာပါ။
source:www.blushin.com