တစ်ခါတစ်လေကျရင် အလုပ်လုပ်ရတာ ခြေကုန်လက်ပန်းကျပြီး အရမ်းစိတ်ညစ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် stress တွေပိလာတာပါပဲ။ ဒါကြောင့် အလုပ်ကြောင့်ဖြစ်လာတဲ့ stress တွေ၊ စိတ်ညစ်ရတာတွေအားလုံး လျော့ကျသွားအောင် လုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
လမ်းလျှောက်ထွက်ပါ
သဘာဝရှုခင်းတွေနဲ့ မြင်ရတာ စိတ်ချမ်းမြေ့စေမယ့်နေရာမျိုးကို လမ်းလျှောက်ထွက်ပြီး လေကောင်းလေသန့်ရှူတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေသလိုသာ လုပ်ပေးပါ။ စိတ်ရှုပ်နေတာ၊ စိတ်ညစ်နေတာတွေ လျော့ကျပြီး စိတ်ကြည်လင် လန်းဆန်းမှုရစေပါလိမ့်မယ်။
မိသားစုကိုအချိန်ပေးပါ
အလုပ်ကြောင့် စိတ်ညစ်စရာတွေများပြီး stress တွေပိလာရင် အလုပ်အကြောင်းကို ခဏလောက်မေ့ထားလိုက်ပြီး ကိုယ့်မိသားစုကို အချိန်ပေးလိုက်ပါ။ ကိုယ့်မိသားစုနဲ့ အချိန်ကုန်ဆုံးပါ။ ကိုယ်ဖြစ်နေတာတွေကို မေ့ထားနိုင်ပါလိမ့်မယ်။
သူငယ်ချင်းတွေနဲ့အပြင်သွားပါ
အလုပ်ကြောင့် စိတ်ညစ်စရာတွေများလာရင်၊ ခြေကုန်လက်ပန်းကျပြီး stress တွေပိလာရင် သူငယ်ချင်းတွေနဲ့ အပြင်သွားပြီးသာ ပျော်ပါးလိုက်ပါ။ စိတ်ညစ်ရာတွေအားလုံးမေ့ပြီး စိတ်ပျော်ရွှင်မှုရစေပါလိမ့်မယ်။
ကိုယ့်အကြိုက်ဆုံးသီချင်းတွေနားထောင်ပါ
တချို့ကျတော့ စိတ်ညစ်ရင်၊ စိတ်ဖိစီးမှုများပြီး stress ပိနေရင် အပြင်လည်းမသွားချင်၊ ဘယ်သူနဲ့မှလည်းမတွေ့ချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ကိုယ့်အကြိုက်ဆုံးသီချင်းတွေကိုသာ နားထောင်ပြီး အေးအေးဆေးဆေးနေလိုက်ပါ။ စိတ်တည်ငြိမ်ပြီး ကြည်နူးမှုရစေပါတယ်။
အရသာရှိတာတွေချက်စားပါ
ဟင်းချက်ရတာ၊ မုန့်လုပ်ရတာ ဝါသနာပါတဲ့သူဆိုရင်တော့ အိမ်မှာပဲ အရသာရှိတာတွေချက်စားကြည့်ပါ။ လုပ်စားကြည့်ပါ။ စိတ်ပျော်ရွှင်မှုရစေပြီး စိတ်ညစ်စရာတွေကို မေ့နေနိုင်ပါတယ်။ ဘာကိုမှလည်း သိပ်ပြီးမတွေးမိတော့ပါဘူး။
အိပ်ပါ
ဘာမှမလုပ်ချင်ရင်၊ ဘာမှလည်းမတွေးပဲနေချင်ရင် အိပ်သာအိပ်နေပါ။ အိပ်ရေးဝရင် ခေါင်းလည်းကြည်စေတယ်၊ စိတ်လည်းကြည်စေပါတယ်။ ဒါ့အပြင် အိပ်နေတဲ့အချိန်မှာ ဘာကိုမှမသိတော့တဲ့အတွက် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေလျော့ကျဖို့ အချိန်တွေအများကြီး လျော့သွားတာပေါ့။
photo source:www.freepik.com