ကြည်လင်တဲ့အသားအရေရဖို့ ရှားစောင်းလက်ပက်နဲ့ဆို ဖြစ်နိုင်ပါတယ်နော်။ ရှားစောင်းလက်ပက်မှာ ဗီတာမင် C၊ E၊ Antioxidant၊ Beta Carotene ပါဝင်လို့ အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အသားအရေခြောက်သွေ့တာတွေကို သက်သာစေပြီး ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေကြည်လင်ပြီး ဖြူဝင်းစေတာ သုံးဖူးသူတိုင်း အသိပါပဲ။

အရင်ဆုံး ဘယ်လိုသုံးရမလဲမပြောခင် အကျိုးကျေးဇူးလေးတွေကို အရင်ပြောပြမယ်နော်။

ရှားစောင်းလက်ပပ်

Source:FashionShala

ရှားစောင်းလက်ပပ် ဟာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး အမည်းစက်တွေကို သက်သာပျောက်ကင်းစေသလို နုပျိုစေပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်တွေကို ပြန်လည် မွေးထုတ်ပေးနိုင်ပါတယ်။

ပျားရည်

ပျားရည်ကတော့ သဘာဝအတိုင်း အသားအရေကို နူးညံ့ချောမွတ်စေပြီး စိုပြေစေပါတယ်။

သံပုယိုရည်

Source:Boldsky.com

ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ သံပုယိုရည်ဟာ အသားအရေဖြူဝင်းစေပါတယ်။ အရေးကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေကို သန့်ရှင်းစေပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

Source: Miss Wish

ခွက်တစ်လုံးထဲကို ရှားစောင်းလက်ပပ် အနှစ်အရင်ထည့်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံပုယိုသီးကို အရည်ညှစ်ထည့်ပါ။ သေချာမွှေလိုက်ပြီးရင် သုံးလို့ရပါပြီ။ အရင်ဆုံး မျက်နှာကို သန့်ရှင်းရေးလုပ်လိုက်ပါ။ ပြီးရင် စောစောကရောထားတဲ့ အနှစ်လေးကိုမျက်နှာ လည်ပင်းနားကိုလိမ်းလိုက်ပါ။ မျက်လုံးနားတစ်ဝိုက်ကို ရှောင်ပြီးလိမ်းပေးပါနော်။ မျက်လုံးထဲဝင်သွားမှာစိုးလို့ပါရှင့်။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ဆေးချပါနော်။

တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး ၁ လတိတိလုပ်ပေးပါ။ အသားအရေ ဖြူဝင်းလာစေမှာဖြစ်ပါတယ်။