ITZY အဖွဲ့ဝင်ဖြစ်တဲ့ Lia က လူကောင်သေးသေးလေး၊ ကလေးမျက်နှာလေးနဲ့ အရမ်းချစ်ဖို့ကောင်းလို့ သူမကိုချစ်တဲ့သူတွေ အများကြီးရှိမှာပါ။ Lia ဝတ်တဲ့ တချို့ဖက်ရှင်လေးတွေဆိုရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် Lia fan တွေနဲ့ လူငယ်ကောင်မလေးတွေအတွက် ကိုယ်တိုင်လည်း လိုက်ဝတ်လို့ရတဲ့ ITZY အဖွဲ့ဝင် Lia ရဲ့ ချစ်ဖို့ကောင်းတဲ့ဖက်ရှင်တချို့ကို မျှဝေပေးလိုက်ပါတယ်။

လူကောင်သေးတဲ့ လူငယ်ကောင်မလေးတွေဆိုရင် ဂျင်းဘောင်းဘီအပြဲလေးကို Lia ဝတ်ထားသလိုမျိုး T shirt ကို ချည်ပြီးဝတ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဒီဖက်ရှင်မှာဆိုလည်း Lia ဝတ်ထားတာ ရိုးရိုးရှင်းရှင်းလေးပါပဲ။ T shirt နဲ့ ဂျင်းစကပ်လေးကို တွဲဝတ်ထားတာပါ။ ဝတ်ရတာလည်းပေါ့ပါးပြီး ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေ ဝတ်သင့်တဲ့ဖက်ရှင်မျိုးပါ။

အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေကြားမှာ ဂျင်းဘောင်းဘီအပွလေးတွေက အရမ်းခေတ်စားပါတယ်။ ဒီလိုဂျင်းဘောင်းဘီအပွတွေကို Lia ဝတ်ထားသလို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်လို့လည်းရပါသေးတယ်နော်။ လူကောင်သေးတဲ့ကောင်မလေးတွေဝတ်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။

Lia ဝတ်ထားတဲ့ဘောင်းဘီလေးဆိုရင် ဝတ်ရတာအရမ်းပေါ့ပါးပြီး freestyle ပုံစံလေးဖြစ်စေပါတယ်။ ဒီဘောင်းဘီလေးတွေဝတ်တဲ့အခါမှာ ဘာအင်္ကျီနဲ့ တွဲဝတ်ရမှန်းမသိရင် Crop top လေးတွေနဲ့သာတွဲဝတ်ပါ။ အလိုက်ဖက်ဆုံးပါပဲ။

ဂျင်းဘောင်းဘီအတိုကိုမှ ဂျင်းအရောင်က အဖြူဘက်သွားတဲ့ဂျင်းဆိုရင် ဘာမှစဉ်းစားမနေပါနဲ့။ Lia ဝတ်ထားသလို T shirt အဖြူလေးနဲ့သာတွဲဝတ်ပါ။ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းစေပါတယ်။ ရိုးရိုးလေးနဲ့ လုံးဝပေါ့ပါးမှုရှိစေတဲ့ပုံစံမျိုးပါ။

Lia ဝတ်ထားတဲ့အင်္ကျီပုံစံလေးဆိုရင် မိန်းကလေးတော်တော်များများ ဝတ်ကြပါတယ်။ ဒီအင်္ကျီလေးကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် ချစ်ဖို့ကောင်းတဲ့ ဂျင်းဘောင်းဘီတွေနဲ့သာ တွဲဝတ်ပါ။

ဂျင်းဘောင်းဘီအရောင်အမှိုင်းတွေဝတ်မယ်ဆိုရင် ဖက်ရှင်ဆန်းသစ်နေအောင် Floral shirt တွေနဲ့ Lia ဝတ်ထားသလို တွဲဝတ်လို့ရပါတယ်။

Lia ဝတ်ထားသလို Oversized hoodie တွေကို Mini စကပ်တွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ အမြင်တစ်မျိုးလေးဖြစ်ပြီး ချစ်ဖို့ကောင်းစေတဲ့ ဖက်ရှင်လေးပါ။

ဂါဝန်တိုလေးတွေကို ဂျင်းကုတ်လေးတွေနဲ့တွဲဝတ်တာကတော့ မိန်းကလေးတိုင်းအတွက် ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်လေးပါပဲ။

photo source:www.pinterest.com