ပုပုသေးသေးကောင်မလေးတွေက အရပ်ပုတော့ ဘောင်းဘီရှည်နဲ့ဆို မလိုက်ဘူးလို့ တော်တော်များများက ထင်ကြပါတယ်။ ဒါပေမယ့် သေချာဖက်ရှင်ကျအောင်ဝတ်တတ်ရင် ဘာပဲဝတ်ဝတ် ချစ်ဖို့ကောင်းနေမှာပါပဲ။ ဒါကြောင့် ပုပုသေးသေးကောင်မလေးတွေအတွက် ဘောင်းဘီရှည်နဲ့ အင်္ကျီအဖြူဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အင်္ကျီအဖြူဆိုတော့ ဘာနဲ့ဝတ်ဝတ်လိုက်တာပေါ့။

ပုပုသေးသေးကောင်မလေးတွေက အောက်နားနည်းနည်းကားတဲ့ ဂျင်းဘောင်းဘီတွေနဲ့ လိုက်ပါတယ်။ ဒီလိုဂျင်းဘောင်းဘီမျိုးကို တီရှပ်အဖြူလေးတွေနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေပါလိမ့်မယ်။

ဒီဖက်ရှင်လေးဆိုရင် တီရှပ်အဖြူလေးကို ဂျင်းဘောင်းဘီထဲထည့်ဝတ်ပြီး Sneakers လေးစီးထားတာပါ။ ပုပုသေးသေးကောင်မလေးတွေဝတ်ရင် ချစ်ဖို့ကောင်းပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဘောင်းဘီအပွလေးကို တီရှပ်အဖြူလေးနဲ့တွဲဝတ်ထားတာ လုံးဝပေါ့ပါးတဲ့ freestyle လေးပါပဲ။ ပုပုသေးသေးကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ပြီး ချစ်ဖို့ကောင်းပါတယ်။

ပုပုသေးသေးကောင်မလေးတွေက ဒါမျိုးဘောင်းဘီအရှည်လေးတွေဝတ်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။ အရှပ်အင်္ကျီအဖြူလေးနဲ့တွဲဝတ်ရင်တော့ ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ပိုချစ်ဖို့ကောင်းပါတယ်။

ပုပုသေးသေးကောင်မလေးတွေက ဂျင်းဘောင်းဘီကို skinny အကျပ်လေးတွေဝတ်မယ်ဆိုရင် ခြေမျက်စိအထက်ရောက်တဲ့ ဂျင်းဘောင်းဘီမျိုးကိုဝတ်တာနဲ့ ပိုလိုက်ပါတယ်။ ဒီလိုဂျင်းဘောင်းဘီလေးဝတ်ရင် ဖိနပ်ကို sneakers လေးစီးတာက ပိုချစ်ဖို့ကောင်းပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဂျင်းဘောင်းဘီကိုမှ တီရှပ်အဖြူလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ကုတ်အရှည်ထပ်ဝတ်လိုက်တော့ ရိုးရိုးလေးနဲ့ စတိုင်လ်ကျသွားစေပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာဆို ဒီဖက်ရှင်လေးက မိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင်လည်း အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ ကာလာဘောင်းဘီအပွလေးကို ရှပ်အင်္ကျီအဖြူနဲ့ တွဲဝတ်ထားတာ ရိုးရိုးလေးနဲ့ ပေါ့ပါးမှုရှိစေပါတယ်။ ပုပုသေးသေးကောင်မလေးတွေနဲ့လည်း လိုက်ဖက်တဲ့ဖက်ရှင်ပါပဲ။

ဒီဖက်ရှင်လေးဆိုရင် ကိုရီးယားမလေးတွေ၊ ထိုင်းမလေးတွေ အရမ်းဝတ်တဲ့ဖက်ရှင်မျိုးပါ။ ဘောင်းဘီအပွလေးတွေကို oversized tee လေးတွေနဲ့ တွဲဝတ်ပြီး sneakers စီးတာမျိုးလေး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုပုံစံဘောင်းဘီမျိုးကို ဝတ်မယ်ဆိုရင် crop top လေးတွေနဲ့သာ တွဲဝတ်ပါ။ ပုပုသေးသေးကောင်မလေးတွေက ဒေါက်အကြည်လေးတွေစီးရင် အရပ်ရှည်သလို ဖြစ်သွားစေပါတယ်။

photo source:www.pinterest.com