ကလေးတွေက ချစ်စရာကောင်းလွန်းတာကြောင့် တစ်ခါတစ်လေကျရင် လူကြီးတွေက လက်ထဲကကို မချနိုင်ကြပါဘူး။ တချို့တွေက ကလေးတွေဟာ အရုပ်တွေမဟုတ်ဘူးလို့ ပြောကြပေမယ့်လည်း အမှတ်မထင်ဘဲနဲ့ သူတို့ရဲ့အရုပ်တွေနဲ့ တိုက်ကြည့်တဲ့အခါ သွားပြီးဆင်တူနေကြတာကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် အရုပ်မှာဝတ်ထားတဲ့အတိုင်း တစ်ပုံစံတည်း ဆင်တူဝတ်ပေးလိုက်မယ်ဆိုရင်တော့ ကလေးနဲ့ပုံစံတူ အရုပ်ကိုထုတ်ထားသလားလို့တောင် အထင်မှားသွားနိုင်ပါတယ်။
အပြောနဲ့ပဲ သက်သေပြနိုင်မှာမဟုတ်လို့ ဘယ်လိုကလေးတွေက ဘယ်လိုမျိုးသွားဆင်တူနေသလဲဆိုတာကို အောက်ကပုံတွေမှာကြည့်ရင်းနဲ့ အဖြေရှာလိုက်ရအောင်ပါ။