အသားအရေ ထိန်းသိမ်းစောင့်ရှောက်နည်းတွေကတော့ အဆင့်တွေ များလွန်းလှတာကြောင့် မအားမလပ်တဲ့အချိန်မျိုးဆိုရင် ကိုယ့်အသားအရေကို ဂရုမစိုက်မိကြတော့ပါဘူး။ နည်းနည်းလေး ဂရုမစိုက်မိတာနဲ့တင် တော်တော်လေး သိသာပါတယ်။ ဥပမာ မိတ်ကပ်မဖျက်မိဘဲ အိပ်ရာဝင်လိုက်မယ်ဆိုရင် နောက်နေ့မနက်ကျ ဝက်ခြံတွေ သိသိသာသာ ထွက်လာတတ်ပါတယ်။
မိန်းကလေးအချင်းချင်းတောင် ငေးမောအားကျရတဲ့ အလှပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် (၁၀) ချက်ကို မဖြစ်မနေ လိုက်နာပေးဖို့ လိုတယ်နော်။
(၁) နေလောင်ကာခရင်မ် အမြဲတမ်းလိမ်းပါ
အိုဇုန်းလွှာ တဖြည်းဖြည်းပါးလျလာတာနဲ့အမျှ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေကလည်း ပိုပိုများလာပါတယ်။ နွေရာသီကျမှ နေလောင်ကာခရင်မ် လိမ်းရမှာမဟုတ်ပါဘူး။ မိုးတွင်းနဲ့ ဆောင်းတွင်းမှာလည်း မှန်မှန်လိမ်းပေးရပါမယ်။ ဒါဆိုရင်တော့ အသားအရေလေးက ပျိုမေတို့ကို ကျေးဇူးတင်နေပါလိမ့်မယ်။
(၂) စိတ်ရှည်ရှည်နဲ့ မှန်မှန်ပြုလုပ်ပေးပါ
စိတ်ကူးပေါက်တဲ့ အချိန်မှ မျက်နှာပေါင်းတင်လိုက်၊ ခရင်မ်လေး လိမ်းလိုက် လုပ်လို့မရပါဘူး။ မျက်နှာပေါင်းတင်မယ်ဆိုရင်လည်း တစ်ပတ်မှာ တစ်ခါ မှန်မှန်ပြုလုပ်ပေးပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ အတိုင်း ဝက်ခြံတွေ ဟိုတစ်ဖု ဒီတစ်ဖု ထွက်လာမှ ဂရုစိုက်တာမျိုးမဟုတ်ဘဲ အသားအရေမှာ ဘာအပြစ်အနာအဆာမှ မရှိခင်ကတည်းက ကြိုတင်ဂရုစိုက်ပါ။
(၃) တိုနာ မလိမ်းဘဲ မနေပါနဲ့
မျက်နှာသစ်ပြီးတဲ့အချိန်နဲ့ Moisturizing ခရင်မ်လို့ ခေါ်တဲ့ အစိုဓာတ်ထိန်းပေးတဲ့ခရင်မ် မလိမ်းခင်မှာ တိုနာကို မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ ဒါမှ အသားအရေရဲ့ pH ပမာဏက မှန်ကန်နေမှာဖြစ်ပြီး အသားအရေလေး ဝင်းပနေမှာပါ။
(၄) အိပ်ရေးဝဝ အိပ်ပါ
Skin Care တွေက ပျိုမေတို့ရဲ့ အလှအပကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကူညီပေးပေမယ့် အိပ်စက်ခြင်းလောက်တော့ ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ တစ်နေ့ကို ၈ နာရီခန့် အိပ်စက်အနားယူပေးပါ။ အိပ်ရေးမဝဘူးဆိုရင် မျက်ကွင်းညိုပြီး အသားအရေက ရေဓာတ်ခမ်းခြောက်က ပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်ပါတယ်။
(၅) မိတ်ကပ်မဖျက်ဘဲ အိပ်ရာ မဝင်ပါနဲ့
တစ်နေကုန်လုံး ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာဝင်ရပါမယ်။ မိတ်ကပ်ဖျက်တဲ့အခါမှာလည်း မိတ်ကပ်ဖျက်ဆေးသုံးပြီးမှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။
(၆) Gym ဆော့တဲ့အခါ ဘယ်တော့မှ မိတ်ကပ်မလိမ်းပါနဲ့
ကိုယ့် Crush လေးလည်း Gym လာဆော့လို့ဆိုပြီး မိတ်ကပ်အဖွေးသားနဲ့ Gym သွားဆော့တာမျိုး မလုပ်ပါနဲ့။ Gym လာဆော့တဲ့သူတိုင်းက ကိုယ့်အာရုံနဲ့ကိုယ် လေ့ကျင့်ခန်းလုပ်နေရတာဆိုတော့ ဘယ်သူမှ ပျိုမေလေးတို့ကို ဂရုမစိုက်အားပါဘူး။ တကယ်လို့ မိတ်ကပ်လိမ်းရင်း Gym ဆော့မယ်ဆိုရင် ချွေးနဲ့ မိတ်ကပ်တွေ ပေါင်းစပ်လိုက်တဲ့အခါ ဝက်ခြံနဲ့ အဖုအပိမ့်တွေ အများအပြား ထွက်လာပါလိမ့်မယ်။
(၇) ရေနွေးနဲ့ ရေမချိုးပါနဲ့
ရေနွေးနဲ့ ရေချိုးခြင်းက အသားအရေကို ခြောက်သွေ့စေတာကြောင့် အသားအရေ အမြဲတမ်း နုပျိုပြီး အရွယ်တင်ချင်တယ်ဆိုရင်တော့ ရိုးရိုးရေနဲ့ပဲ ရေချိုးပေးရပါမယ်။ ချမ်းအေးတဲ့နေ့တွေမှာ ရေနွေးနဲ့ ချိုးချင်တယ်ဆိုရင်တော့ အလွန်ပူတဲ့ရေထက် မဆိုစလောက်လေး ကြက်သီးနွေး ရေနွေးနဲ့ ချိုးပေးနိုင်ပါတယ်။
(၈) မျက်နှာတစ်ခုတည်း ဂရုစိုက်ရမှာမဟုတ်ပါဘူး
အသားအရေ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုပြီး မျက်နှာတစ်ခုတည်း ဘက်လိုက်ပြီး ထိန်းသိမ်းပေးလို့မရပါဘူး။ လည်ပင်းတွေ လက်ချောင်းလေးတွေ ခြေထောက်တွေ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးရမှာပါ။
(၉) ဆံကေသာကို အပူဒဏ်တွေမှ ကာကွယ်ပါ
ဆံပင်လေမှုတ်စက်တွေ၊ အပူချောင်းတွေ၊ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေကို နေ့တိုင်းအသုံးပြုနေမယ်ဆိုရင် ဆံကေသာက တဖြည်းဖြည်းပျက်စီးလာပါလိမ့်မယ်။ ထိုစက်တွေကို တတ်နိုင်သမျှ အသုံးမပြုတာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ သုံးရမယ်ဆိုရင်တော့ အပူဒဏ်ကာကွယ်ပေးတဲ့ စပရေးဖြန်ပြီးမှ အသုံးပြုပါ။
(၁၀) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ စားသုံးပါ
အသားအရေ ဝင်းမွတ်စိုပြေပြီး ပိုးသားလေးလို နူးညံ့လှပတဲ့ ဆံကေသာ ပိုင်ဆိုင်နိုင်မယ့် အဓိကလျှို့ဝှက်ချက်ကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ ဘယ်အစားအစာက ဆံကေသာအတွက်ကောင်းတယ်၊ ဘယ်အစားအစာကတော့ အသားအရေအတွက် ကောင်းသလဲဆိုတာ သိအောင်ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပေးလိုက်ပါ။
Source: herbeauty.co